တစ်ပတ်ခန့်ကြာသော်...
သီချင်းသံ ဒီဂျေသံ လူပေါင်းစုံရဲ့အော်သံဟစ်သံတို့ဖြင့် မြူးမြူးကြွကြွရှိနေသည့် ကလပ်အတွင်းသို့ အနက်ရောင် suit ဝမ်းစက်ဝတ်ထားသည့် လူတစ်စု အလျင်စလိုဝင်ရောက်လာခဲ့သည်။ထိုအခါ ကလပ်အတွင်းမှလူတွေအကုန်လုံး အုတ်အော်သောင်းနင်းဖြစ်သွားကြတော့သည်။
"သွား! သွား! အကုန်လုံး ဒီထဲကထွက်ကြတော့!"
ထိုစကားကို နာခံသူတွေလည်းရှိသလို မနာခံသူတွေလည်းရှိတာကြောင့် အခြေအနေတွေကအနည်းငယ်တော့ ရှုပ်ထွေးနေသည်။
သို့သော် နောက်ဆုံးမှာတော့ လက်နက်ပြလာသည့် ထိုလူအုပ်စုကြောင့် အကုန်လုံး ကလပ်အပြင်သို့ပြေးထွက်သွားကြပါတော့သည်။
ကလပ်အတွင်း အဖွဲ့သားတွေမှလွဲ၍ မည်သူမှမရှိတော့တဲ့အချိန်ကျမှ စစ်တုရင် နှင့် နှင်းဝိုင် တို့ရောက်လာခဲ့သည်။
ထို့နောက် အဖွဲ့သားအနည်းငယ်ကိုခေါ်ဆောင်၍ မြေအောက်ထပ်ဆီဦးတည်လိုက်ပါသည်။ကျန်နေခဲ့တဲ့ တခြားအဖွဲ့သားတွေကတော့ ကလပ်အတွင်းအစောင့်အနေအထားဖြင့်။
"သိန်းငါးဆယ်!"
"ငါးဆယ့်ငါးသိန်း!"
"သိန်းခြောက်ဆယ်"
တခြားအသံတွေတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ စျေးအပြိုင်အဆိုင်ပေးသံတွေသာ ကျယ်ကျယ်လောင်လောင်ဖြင့် ထွက်ပေါ်နေပါသည်။
ထိုအချိန်
"သိန်း.....!"
ဒေါက်! ဒေါက်! ဒေါက်! ဒေါက်!
အောက်ခြေမှာဒေါက်ပါသည့် ဖိနပ်တွေရဲ့ စည်းချက်ညီတဲ့လမ်းလျှောက်သံတွေကြောင့် မြေအောက်ထပ်ရှိ လူတွေအကုန်လုံးရဲ့အကြည့်တွေဟာ အပေါ်ထပ်နှင့်မြေအောက်ထပ်ကိုဆက်သွယ်ထားသော လှေကားဆီသို့ ရောက်ကုန်ကြသည်။
ထိုအခါ သူတို့အားလုံးမြင်တွေ့လိုက်ရတာက အနက်ရောင်တွေခြံရံထားတဲ့ အဖြူရောင်ဖြစ်တည်မှုတစ်ခု။ထိုဖြစ်တည်မှု သေချာလေးရုပ်လုံးပေါ်သွားတဲ့အချိန်မှာတော့ အကုန်လုံးအထိတ်တလန့်ဖြင့် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတော့သည်။
YOU ARE READING
Master's Blind Boy (COMPLETED)