Thank You 🤍

1.1K 65 7
                                    

ဒုတိမြောက် Completed ဖြစ်တဲ့ အပိုင်းရှည် OCပါ🥳

အရင်ဆုံး လျှို့ဝှက်ချက်တစ်ခုပြောပြပါမယ်၊ အဲ့ဒါကတော့ MBB fic ဟာလုံးဝကိုဝုန်းဒိုင်းကျဲဇာတ်ကွက်တွေစဉ်းစားပြီးတော့မှ ရေးခဲ့တာပါ၊ သွေးထွက်သံယိုတွေပါမယ် ပြန်ပေးဆွဲတာတွေပါမယ် စိတ်နာတာတွေခွင့်မလွှတ်တာတွေ လက်စားချေတာတွေပါမယ်ပေါ့နော်၊ ဒါပေမယ့်လည်း တကယ်ရေးချလိုက်တော့ ဘာတွေဖြစ်သွားလဲဟင်🥹 အဲ့ဒါပါပဲ ဘယ်လောက်တောင် ကိုယ့်စိတ်ကအပြောင်းအလဲမြန်ပြီး နူးညံ့လဲဆိုတာသာကြည့်တော့။

ဇာတ်နာတဲ့fic တစ်ခုရေးဖို့ဆို ကိုယ်ကိုယ်တိုင်လည်း အရင်နာကျင်ပူလောင်မှုကိုခံစားရတော့ မရေးဖြစ်တော့ဘူး၊ ကိုယ်နာကျင်ပြီးရင် စာဖတ်သူတွေလည်းနာကျင်ရတော့မှာလေ၊ အဲ့လိုကြီးမဖြစ်စေချင်ဘူး၊ ပြောရမယ်ဆိုရင် ကိုယ်က drama မပိုင်တာမဟုတ်ပေမယ့် မရေးနိုင်တာမျိုးပါ၊ one short တစ်ပုဒ်ရေးတာတောင် အသက်ရှူတွေကြပ်နေမိလို့ rebirth လုပ်ဖို့စဉ်းစားနေမိတဲ့လူပါ👀

Trauma တစ်ခုပေါ့၊ ဟုတ်ပါတယ် ကိုယ်သုံးပုဒ်မြောက်မှာဖတ်ဖြစ်တဲ့ wp fic ကအရမ်းကိုဇာတ်နာပြီးတော့ SEဖြစ်နေလို့ပါ(နာမည်မပြောတော့ဘူး မင်းတို့အကုန်သိမှာကျိန်းသေတယ်) အရမ်းလန့်သွားခဲ့တာ၊ စာဖတ်သက်တမ်းနုချိန်မှာ အဲ့လိုheavy ကြီးကိုစိတ်နှစ်ပြီးဖတ်လိုက်မိတော့ ငူငူငိုင်ငိုင်နဲ့အရူးလိုဖြစ်သွားမိတာ🤧 SE မှန်သမျှ သုံးပွင့်ဆိုင်မှန်သမျှ sexual harassment မှန်သမျှ ဘာမှမဖတ်နိုင်တော့ဘူး ရေးဖို့ဆိုဝေးစွ၊ အဲ့လိုတွေဖြစ်သွားခဲ့တာပေါ့နော်။

ကဲ အကြောင်းအရင်းလေးတွေလည်းပြောပြီးပြီဆိုတော့ ကျေးဇူးတင်မယ့်ကိစ္စလေးဆက်ကြတာပေါ့။

ဖတ်ပေးကြတဲ့လူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်၊ vote ပေးကြတဲ့လူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်၊ မန့်ပေးကြတဲ့လူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်၊ အဆုံးထိon going လိုက်ပေးကြတဲ့လူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်၊ complete မှဖတ်ပေးကြတဲ့လူတစ်ယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်၊ review ပေးမယ့်လူရှိခဲ့ရင်လည်းကျေးဇူးတင်ပါတယ်၊ ဒီ MBB fic ကြီးဖြစ်မြှောက်အောင် အဖက်ဖက်မှကူညီပံ့ပိုးပေးပါသော ဟဲ စတာ! အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့❤️

Master's Blind Boy (COMPLETED)Wo Geschichten leben. Entdecke jetzt