MBB-6

5.1K 424 9
                                    

အရောင်စုံမီးတွေတဖျက်ဖျက်လင်းနေသည့် အခန်းကျယ်ကြီးထဲမှာ သီချင်းသံ၊ဒီဂျေသံတွေနှင့်အတူလူအများ မြူးတူးပျော်ပါးနေကြသည်။

တချို့ကလည်း အကောင်းစားအရက်ပုလင်းတွေစီးတန်းထားသည့် နံရံကပ်စင်ကြီးရဲ့အရှေ့က ခုံတွေပေါ်မှာထိုင်ရင်း သောက်စားနေကြပါသည်။

စတီးတိုင်အရှည်ကြီးတစ်ခုကို ပွတ်သပ်၍ကပြနေသော အချောအလှအမျိုးသမီးလေးတစ်ယောက်ကို ဝိုင်းဝန်းအားပေးနေကြသူတွေလည်းမနည်းပါ။

အရာအားလုံးကိုခြုံငုံကြည့်လိုက်လျှင် ဒီနေရာသည် ပိုက်ဆံကိုရေလိုသုံးနိုင်သည့်လူများသာ လာရောက်ပျော်ပါးနိုင်သော အဆင့်မြင့်ကလပ်တစ်ခုပဲဖြစ်ပါသည်။

ကလပ်ထဲမှာရှိသမျှပစ္စည်းတွေက တန်ဖိုးကြီးမားသလို လာရောက်ပျော်ပါးကြတဲ့လူတွေကလည်း စည်းစနစ်ရှိကြသည်။ပြဿနာသေးသေးလေးတစ်ခုတောင်မတက်ခဲ့ဖူးတဲ့ ဒီကလပ်က အခန်းထောင့်တွေတိုင်းမှာ အသင့်အနေအထားဖြင့်ရပ်နေကြတဲ့ သန်သန်မာမာအမျိုးသားလုံခြုံရေးတွေကြောင့်လို့ထင်ရင် မှားသွားပါလိမ့်မည်။

တခြားသော ညအပျော်နေရာတွေနှင့်မတူဘဲ စည်းစနစ်ကျနေရတဲ့အကြောင်းအရင်းကတော့ ဒီကလပ်ရဲ့ပိုင်ရှင်ဟာ စစ်တုရင် ဆိုတဲ့ သခင်ကြီးဖြစ်နေလို့ပါ။သခင်ကြီးစစ်တုရင် ရဲ့အကြောင်းနှင့်ပတ်သတ်လျှင် မာဖီးယားလောကရဲ့သခင်ဟူ၍ အမှောင်လောကထဲမှာမသိသူမရှိသလို အလင်းလောကထဲမှာဆိုရင်လည်း CHESS ဆိုတဲ့တစ်နိုင်ငံလုံးဆိုင်ရာ ကားShowroom တွေရဲ့ပိုင်ရှင်အဖြစ် သခင်ကြီးကိုသိကြသည်။

သခင်ကြီးက အမှောင်လောကထဲမှာဆိုလျှင် လက်နက်ရောင်းသည်၊ ဆေးရောင်းသည်၊ တခြားတရားမဝင်အလုပ်တွေလည်းလုပ်သေးသည်။သို့သော် ထိုသို့ဆိုတိုင်း သခင်ကြီးအနောက်ကိုလိုက်နေတဲ့ ဥပဒေမရှိပါ။အကြောင်းအရင်းကတော့ သခင်ကြီးသာမရှိတော့လျှင် မာဖီးယားလောကဟာ ကြိုးပြေသွားတဲ့ ထင်းစည်းနှင့်တူသွားမှာကြောင့်ဖြစ်သည်။ထိုအခါ အပြစ်မဲ့တဲ့ပြည်သူတွေအပေါ် အမှောင်ရိပ်ကြီးဖုံးလွှမ်းလာလိမ့်မည်။အမှောင်သားတွေဆိုတဲ့အတိုင်း ရက်စက်ချင်တဲ့လူတွေကအများသား။ထိုလူတွေကို သခင်ကြီးအုပ်ထားနိုင်၍သာ တော်တော့သည်။

Master's Blind Boy (COMPLETED)Where stories live. Discover now