Part 5 - ဒါ လူကြီးမင်းရဲ့ ကောင်မလေးအတွက်လား?

2.9K 512 29
                                    

အရှေ့ အမေရိကားမှ သုန်းလင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာသည့် လေယာဉ်မှာ ပစိဖိတ်သမုဒ္ဒရာအား ချောမွေ့စွာပင် ဖြတ်ကျော်ခဲ့ပြိး ဖြစ်သည်။

ထန်ချူ့သည် လေယာဉ်မယ်လေး၏ အစားအသောက်နှင့် ပတ်သက်ပြီး မေးမြန်းမှုအား ဒုတိယအကြိမ် ငြင်းဆိုလိုက်လေသည်။ ထိုအစား သူသည် သူမထံမှ ဘောပင် တစ်ချောင်းအား တောင်းလိုက်ကာ ခေါင်းထက်မှ မီးအား ဖွင့်လိုက်ပြီး သူ၏ စာအုပ်လေးထဲတွင် စကားပြောခန်းတစ်ခု၏ အဆင့်များအား တစ်ဆင့်ချင်းစီ ရေး၍နေလေသည်။

အဆင့် ၁ - မင်္ဂလာပါလို့ ပြောပါ၊ ပြီးတော့ တစ်ဖက်သူ ပြန်နှုတ်ဆက်ကို စောင့်ဆိုင်းပါ

အဆင့် ၂ - ကိုယ့်ကိုကိုယ် မိတ်ဆက်ပါ၊ " ကျွန်တော်က ကျူချုံရှန်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်"

ထန်ချူ့သည် ခဏတာ ပြန်စဉ်းစားကာ 'တွေ့ရတာ ဝမ်းသာပါတယ်' ဆိုသော အပိုင်းအား ဖျက်လိုက်လေသည်။ ထိုစကားအား အရမ်းကို တောင့်ဆတ်ဆတ်ကြီး နိုင်လွန်းလှသည်။ နောက်ပြီး သူနှင့် ဖျန့်ယွီမှာ အချင်းချင်းသိလာတာ ၇နှစ်တောင် ရှိနေပြီ မဟုတ်လား။

ဒါပေမဲ့ သူ အဲ့တာကို မပြောရင် ဘာကို ပြောရမှာလဲ? လေယာဉ်ပေါ်၌ အင်တာနက်လိုင်းမရှိလေရာ သူသည် အဖြေအား လိုင်းပေါ်တွင် ရှာဖွေလို့လဲ မရပါချေ။ ထန်ချူ့မှာ ပူပန်ကြောင့်ကြစွာဖြင့် ခေတ္တခဏ တွေးတောလိုက်မိသည်။ သူ နောက်ဆုံး လူတစ်ယောက်နှင့် တွေ့ဆုံခြင်း ပြုခဲ့သည်မှာ အတော်လေးကို ကြာမြင်ခဲ့ပြီ ဖြစ်သည်။ အမေရိကားတွင် နေထိုင်စဉ်က အမြဲတမ်း သူသည် 'I'm sorry, I don't know how to speak English' ဟူသော ဆင်ခြေတစ်ခုအား လက်ကိုင်ထားကာ စကားဝိုင်းတွင်းမှ အောင်မြင်စွာ လစ်ထွက်နိုင်ခဲ့သည်ချည်း ဖြစ်သည်။ အခုတွင်တော့ သူသည် သူ့ကိုယ်သူ မိတ်ဆက်ပြီးသည့်အခါ ဘာဆက်ပြောရမည်မှန်း အမှန်တကယ်ကို မသိတော့ပါချေ။ 

ထားလိုက်ပါတော့, ဘယ်လိုပဲဖြစ်ဖြစ် ဖျန့်ယွီက သူ့ကို သူ့ဘာသူ စကားပြောခွင့်ပေးလိမ့်မှာတောင် မဟုတ်ဘူး။ ထန်ချူ့သည် ထိုအတွေးဖြင့် မိမိကိုယ်ကို နှစ်သိမ့်လိုက်ပြီး ဒုတိယအဆင့်တွင် တခြားတစ်ခုအား ပြန်ဖြည့်လိုက်လေသည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now