Part 10 - Click လုပ်ဖို့နဲ့ Save ဖို့ သတိရပေးပါ..

2.5K 501 39
                                    

သုန်းလင်မြို့လယ်ရှိ Pen Nib စာပေကွန်ယက်၏ အယ်ဒီတာ ဌာနချုပ်တွင် တစ်စုံတစ်ယောက်သည် အယ်ဒီတာချုပ်၏ အခန်းတံခါးအား လာခေါက်လေသည်။

"အယ်တာဒီချုပ်! အယ်ဒီတာချုပ် စွင်း!"

"ဘာကိစ္စရှိလို့လဲ? ဝင်ခဲ့"

ငယ်ရွယ်သော အယ်ဒီတာလေးမှာ တံခါးအား ဖွင့်ကာ ဝင်လာခဲ့လေသည်။ သူမသည် အလွန်တရာမှ စိတ်ပူပန်ကြောင့်ကြနေရတကား သူမ၏ မျက်နှာမှာ သွေးရောင်လွှမ်း၍ နေလေသည်။ သူမသည် အခန်းတွင်းသို့ ဝင်လာသည်နှင့် အလောတကြီး ဆိုလာသည်။

"အယ်ဒီတာချုပ်! ဆရာ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေ..."

သူမ စကားပြောနေသည့်အချိန်မှာပင် အယ်ဒီတာချုပ်၏ အရှေ့ရှိ ကွန်ပျူတာထံမှ အစီအစဉ်တင်ဆက်သူမှာ ပွဲထိန်းနိုင်အောင် ကြိုးပမ်းနေသည့်အသံအား ကြားလိုက်ရလေသည်။

သူမသည် ခပ်တောင့်တောင့် ပြော၍လာသည်။

"ဆရာလဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာပဲ! အစီအစဉ်တင်ဆက်သူက ကဏ္ဍအသစ်ကြီးကို သူ့သဘောနဲ့သူ ထပ်ထည့်လိုက်တယ်! ကျွန်မတို့ နတ်ဘုရားကျူနဲ့ ဇာတ်ညွှန်းထဲက အတိုင်းပဲ တသွေမသိမ်း သွားပါ့မယ်လို့ သဘောတူညီထားတာကို သူ ဘယ်လိုလုပ်..."

စားပွဲခုံနောက်တွင် အကျအနနေရာယူထားသည့် အယ်ဒီတာချုပ်စွင်းမှာ မိမိ၏ အထက်လူကြီးအား ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေသည့် မိန်းမငယ်လေးအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး အေးစက်စွာ ပြော၍လာသည်။

"အစီအစဉ်တင်ဆက်သူက သူ့သဘောနဲ့သူ ထပ်ဖြည့်ထားတာ မဟုတ်ဘူး၊ ငါပဲ ဒီမနက် သူ့ကို အဲ့ဒီအတိုင်း လုပ်ဖို့ ပြောထားတာ"

ဖက်ထုပ်ကြော်လေးမှာ မှင်သက်၍သွားရသည်: "ဘာလို့လဲ?"

"ဘာကို ဘာလို့လဲ လဲ?!"

အယ်ဒီတာချုပ်စွင်းမှာ အခုလေးတင် ကျူချုံရှန်း၏ 'မရွေးတော့ပါဘူး' ဟူသော အဖြေစကားကြောင့် ကမူးကရှူး ဖြစ်နေသည် ဖြစ်ပြီး အခုတော့ သဲအိတ်လေးမှာ သူ့ရှေ့မှောက် ကိုယ်တိုင်ကိုယ်ကျ အရောက်လာခဲ့လေရာ သူ့ဒေါသအလုံးစုံအား ထိုလက်အောက်ငယ်သားလေးထံ ပုံချလေတော့သည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now