Extra 1

2.8K 339 15
                                    

ယိုဟုန်ကျီ ဟော့မြောင်အား ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်မှာ ချန်ရှိုန့်အဆောင်၏ အမျိုးသားကျောင်းဆောင် အလွှာတွင် ဖြစ်လေသည်။ သုန်းလင်တက္ကသိုလ်၏ အစဉ်အလာ ကြီးမားသော အဆောင်တော်ကြီး၌ ကျောင်းသားလေးဆယ် နေထိုင်ခွင့်ရသည် ဖြစ်ပြီး - ယခုနှစ်တွင်တော့ သုန်းလင်တက္ကသိုလ်၏ ထိပ်တန်းကျောင်းသား ၃၉ ယောက် နေထိုင်လျက်ရှိလေသည်။ ပထမနှစ်ကျောင်းသားများ ဝင်ခွင့်လျှောက်ထားချိန်၌ ဤအဆောင်တော်အတွက် နေထိုင်ခွင့် ရသူ ဆယ်ယောက်အား ကျောင်းဘက်က ရွေးချယ်ခြင်း ဖြစ်လေသည်။ ထိုရွေးချယ်စီစစ်မှုနှင့် ပတ်သက်၍ သုန်းလင်တက္ကသိုလ်ဘက်မှ : အလားအလာ အရှိဆုံး ကျောင်းသားအသစ် ဆယ်ယောက် ဟူ၍သာ တရားဝင် ကြေညာလေ့ ရှိပေသည်။ သူတို့ထဲမှ တစ်ဝက်လောက်မှာ မြို့နယ်ပေါင်းစုံမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌ အထူးချွန်ဆုံး အောင်မြင်ခဲ့ကြသည့်  ကျောင်းသားများ ဖြစ်ကြလေရာ လူတော်တော်များမှာ ထိုအဆောင်၌ နေထိုင်ကြသည့် ကျောင်းသားများမှာ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှ ထိပ်တန်း ဆယ်ယောက် ဖြစ်သည်ဟု ထင်ကြသည်။ အမှန်တကယ်တော့ မဟုတ်ပါချေ။

ဥပမာအနေဖြင့် ယိုဟုန်ကျစ်မှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခဲ့ခြင်း မရှိသော်လည်း သူ့အား ဒီတက္ကသိုလ်ကြီး၏ အကောင်းဆုံး, အမြင့်မားဆုံးဆိုသည့် နေရာထိုင်ခင်းအား မရရှိရန် မည်သူကမျှ မတားဆီးနိုင်ခဲ့ပါချေ။

တတိယနှစ်နဲ့ စတုတ္ထနှစ်ကြားရှိ နွေရာသီတွင် သူသည် 'Yao Ling' ပရောဂျက်အား တရားဝင် စတင်ခဲ့ကာ သူတို့နှင့် သက်တူရွယ်တူ အတန်းဖော်များထက် ခြေလှမ်းများစွာ သာ၍ နေပြီဖြစ်သည်။

သေချာပေါက် ယိုဟုန်ကျီကတော့ သာမန်လူများနှင့် ယှဉ်ပြိုင်ရန် ထိုက်တန်သည့်လူတစ်ယောက် မဟုတ်ဘူးပေါ့။ 

သူ၏ စီနီယာနှစ် တရားဝင်စသည့်ရက်တွင်တော့ သူသည် မပြန်ဖြစ်တာ ကြာပြီဖြစ်သော အဆောင်သို့ ပြန်ရောက်ရှိလာခဲ့သည်။ ယခင် စာသင်နှစ် တစ်ခုစီ၏ အစကဲ့သို့ပင် သူ၏ စားပွဲအတွင်း၌ တစ်ဝက်ခေါက်ကာ ထည့်ထားသည့် ကတ်လေး တစ်ကတ်ရှိလေသည်။ သူသည် ထိုကတ်အား ဆွဲကာ ထိုစားပွဲခုံ၏ အံဆွဲအတွင်းသို့သာ ပစ်ထည့်လိုက်လေသည်။ ထိုအံဆွဲအတွင်း၌ ယခုလို ကတ်မျိုးမှာ ခြောက်ခု ရှိနှင့်ပြီးသား ဖြစ်၍ ယခု တစ်ခုမှာ ခုနစ်ကတ်မြောက်ဖြစ်ကာ ကတ်တစ်ခုစီတိုင်းတွင် တူညီသော စကားလုံးများနှင့် အစချီထားလေ့ရှိလေသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now