Extra-11

801 138 11
                                    

အချိန်အကတ်အသန့်ဖြင့် ဖွင့်လှစ်ထားသည့် သရဲအိမ် theme ယူထားသော escape room မှာ အမှန်တကယ် ပျော်စရာကောင်းလွန်းလှသည်။ သို့ပေမဲ့ နှမြောစရာကောင်းလှသည်က လူများမှာ အကြောက်လွန်ကာ ထိုပြောင်မြောက်သည့် ဒီဇိုင်းအပြင်အဆင်များအား ဂရုမထားနိုင်ခြင်းပင် ဖြစ်လေသည်။ 

ထန်ချူ့အတွက် ဒီလို တကယ့်လက်တွေ့ escape room သို့ ရောက်ဖူးသည်မှာ ပထမဦးဆုံး အကြိမ် ဖြစ်လေသည်။ လုလျန်ကွမ်းတစ်ယောက် မျက်စိစုံမှိတ်ကာ ပတ်ပြေးတာမျိုး မဖြစ်နေစေရန် သူသည် ကြိုးစမ်းပမ်းစား ပဟေဠိများကို ဖြေရှင်းပါသော်လည်း ရလဒ်မှာ မှားယွင်းနေဆဲ ဖြစ်လေသည်။ သူတို့ နှစ်ဦးသားမှာ နာရီဝက်ခန့်ကြာပြီချိန်တွင်တော့ သဲလွန်စ တော်တော်များများအား ဖြေရှင်းသွားပြီ ဖြစ်လေသည်။

ထိုအချိန်မှာပင်...

"စီနီယာ ကျွန်တော် နည်းနည်းကြောက်တယ်"

လက်တစ်ဖက်တွင် လက်နှိပ်ဓာတ်မီး ကိုင်ထားသော ထန်ချူ့အနားသို့ လုလျန်ကွမ်းသည် အမှောင်ထုအတွင်းမှ တိုး၍လာကာ ထိုသူ၏ လွတ်နေသည့် လက်တစ်ဖက်အား ဆုပ်ကိုင်လာလေသည်။

"ဟိုမှာလဲ လှုပ်နေတဲ့ အရိုးစုကြီး ရှိနေတာ။ ကျွန်တော် ကြောက်လိုက်တာမှ တအားပဲ"

ထန်ချူ့မှာ တောင့်ဆတ်သွားရပြီး မသိစိတ်၏ စေ့ဆော်မှုအရ ပြေးကာပုန်းလိုက်ချင်ပါသော်လည်း သူသည် ထိုကြောက်ရွံ့တုန်လှုပ်နေသည့် ဂျူနီယာလေးအား ပစ်မထားခဲ့နိုင်သည့်အပြင် အပိုဆောင်း၍ပါ နှစ်သိမ့်စကားဆိုလာသည်။ 

"မကြောက်ပါနဲ့, အဲ့တာက အရုပ်ကြီး"

သူသည် သဲလွန်စ၌သာ အာရုံစိုက်ထားလေရာ ဓာတ်မီး၏ အလင်းရောင်မရောက်ရှိနိုင်သည့် အမှောင်ထုထဲတွင် ခုနကလေးတင် သရဲကြောက်သည်ဟူ၍ တဆတ်ဆတ်တုန်နေသည့် ဂျူနီယာကျောင်းသားလေးမှာ ထန်ချူ့အား ရုတ်တရက် ထိတ်လန့်တခြား ဖြစ်သွားမည့် အန္တရာယ်မှ ကာကွယ်ဖို့အရေး မျက်နှာကြက်မှ တွဲလောင်းကျနေသည့် သရဲမအား တိတ်တိတ်ကလေး လက်ဖြင့် တွန်းထုတ်လိုက်သည်ဆိုတာကိုတော့ စီနီယာကြီးထန်ချူ့မှာ မသိနိုင်ခဲ့ပါချေ။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Onde histórias criam vida. Descubra agora