လုလျန်ကွမ်းလို လူတစ်ယောက်အနေဖြင့် စကားလုံး လှအောင် ဆိုရပါလျှင် သူ့အတွက်တော့ သူ၏ နေထိုင်မှုပုံစံအရည်အသွေးမှာ လွန်စွာ အရေးပါလှလေသည်။ လိုရင်းတိုရှင်း ပြောရလျှင်တော့ သူသည် ချေးများလှသည်။ သူသည် စားသောက်သည့် အစားအစာနှင့် ပတ်သက်၍ ချေးများသလို၊ သူသုံးသည့် ကုန်ပစ္စည်းတံဆိပ် အတွက်သာမက သူပေါင်းသည့် မိတ်ဆွေများနှင့် ပတ်သက်၍လဲ ချေးများပေသည်။
သူသည် ချေးများရုံသာမက ခေါင်းလဲမာလှ၏။ အကယ်၍ ထမင်းစားပွဲတစ်ခုလုံးသည် သူမကြိုက်သည့် ဟင်းပွဲများဖြင့်သာ ပြည့်နှက်နေပါက သူ၏ ပါးစပ်အတွင်းသို့ တစ်လုတ်ပင် ဝင်ခံမည့်အစား အငတ်ပင်ခံလိုက်ပေမည်။
တခြားသူများ၏ အရှေ့တွင်တော့ သူသည် လွန်စွာ ချဉ်းကပ်ရလွယ်ကူသည့် နေရောင်ခြည်လေး ပုံစံဖမ်းကာ နေတတ်သည်။ ဒါ့အပြင် သူ၏ ကြည့်ကောင်းလှသည့် ရုပ်ရည်ဖြင့် ယှဉ်တွဲကာဖြင့် သူသည် လူအများစု နှစ်သက်သဘောကျခြင်းအား ငယ်စဉ်ကတည်းက ခံခဲ့ရလေသည်။ သို့ပေမဲ့ သူနှင့် လွန်စွာ ရင်းနှီးသော လူများရှေ့တွင်တော့ သူသည် အလုပ်ရှုပ်ခံကာ သရုပ်ဆောင်လေ့မရှိပါချေ။ တခါတလေ သူ၏ မိရင်းဖရင်းတောင်မှ သူ့အား သည်းမခံနိုင်တော့ဘဲ မကြာခဏ သူနှင့် စကားများလေ့ရှိလေသည်။
ကံကောင်းစွာဖြင့် သူ မိဘနှစ်ပါးမှာ တစ်ယောက်က ပါမောက္ခ၊ တစ်ယောက်က ဆရာဝန် ဖြစ်ကြ၍ နှစ်ဦးစလုံးမှာ ကျိုးသင့်ကြောင်းသင့် ရှင်းပြနိုင်ပါက လက်ခံပေးတတ်သော လူများ ဖြစ်ကြလေသည်။ သူနှင့် သူ့မိဘနှစ်ပါးကြားရှိ သဘောထားမတိုက်ဆိုင်မှု၏ အဆိုးဆုံး ရလဒ်မှာ သူတို့ သုံးဦးစလုံး တစ်နေ့လယ်လုံး စာကြည့်ခန်းထဲတွင် စကားစစ်ထိုးကြခြင်း ဖြစ်ပြီး နောက်ဆုံးတွင်တော့ ဘယ်သူကမှ တခြားသူအား လက်သင့်ခံအောင် မပြောဆိုနိုင်ဘဲ မကျေမချမ်းဖြစ်၍သာ ထိုကိစ္စအား အဆုံးသတ်လိုက်ရုံသာ ဖြစ်လေသည်။
မစ္စတာလုမှာ တစ်ခါက ဤသို့ မှတ်ချက်ပြုဖူးခဲ့သည်။
"မင်းက မင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုကြောင့် တစ်ဘဝလုံး တစ်ကိုယ်တည်းသမား ဖြစ်မှာ မဟုတ်ဘူး၊ မင်းရဲ့ အကျင့်စရိုက်ကြောင့် ဖြစ်မှာ"
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...