Part 9- ကျွန်တော် သူ့ကို လူနဲ့သူနဲ့ တူလာအောင်သင်ပြပေးမယ်

2.5K 481 15
                                    

.....(ဧည့်သည်တော် စာရေးသူ) ကျူချုံရှန်း : အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ကျူချုံရှန်းပါ။

....( ပရိသတ်) ဖျန့်ယွီ : ငါ ရောက်လာပါပြီ! ငါ ရောက်လာပါပြီ! အားလုံးပဲ 'လောကဓာတ် ခြောက်ဘုံ' ဆိုတာကို သွားဖတ်ကြည့်ကြဖို့ တောင်းဆိုပါတယ်! အဲ့ဒီဇာတ်လမ်းက ပြီးပါတော့မယ်! နောက်ပြီး အရမ်း အရမ်းလဲ ကောင်းတယ်! သွားဖတ်ကြည့်လို့ မကောင်းဘူးဆိုရင် ငါ့ကို သွေးစိမ်းရှင်ရှင် ထွက်တဲ့အထိ လာဆူဆဲလို့ရပါတယ်!

......(ပရိသတ်) : သက်ရှိထင်ရှား နတ်ဘုရားကျူပဲ

.....(ပရိသတ်): ဝေး အရှေ့တန်း, အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ထားစမ်း။ တကယ်ကို နတ်ဘုရားကျူ ရှိတဲ့ ဘယ်နေရာမဆို ဖျန့်ယွီက သေချာပေါက် ရှိနေလိမ့်မယ်..

....(ပရိသတ်) : ဖျန့်ယွီထိုင်ထိုင်, 'လောကဓာတ် ခြောက်ဘုံ' အတွက် fan fiction လေး ရေးပေးပါဦး။ 'လောကဓာတ် ခြောက်ဘုံ' က တကယ်ကို နာကျင်စရာကောင်းလွန်းလို့ 'fan fiction' သာ မရှိရင် ဆက်ပြီး အသက်ဆက်နိုင်တော့မှာ မဟုတ်ဘူး...

....(ပရိသတ်) : နတ်ဘုရားကျူက စကားပြောဖို့အတွက် ရွှေနှုတ်လွှာကို ဖွင့်ဟလိုက်တယ်တဲ့ဟေ! တကယ် တုန်လှုပ်စရာပဲ!

....(ပရိသတ်) : နတ်ဘုရားကျူ , 'လောကဓာတ် ခြောက်ဘုံ' က အမတ နတ်ဘုရားနဲ့ မိစ္ဆာဘုရင်တို့က ပြန်ရှင်လာမှာလားဟင်?

....(ပရိသတ်) ထျန်းချင်းယီလွမ်: မင်္ဂလာပါ, အတန်းဖော်ကျူ ^_^

.... (ပရိသတ်) : မယုံနိုင်စရာပဲ! အပေါ်ထပ်မှာ နတ်ဘုရားဟောင်းကြီး စိုးစံနေတာလား?

....(ပရိသတ်) : ငါ 'လောကဓာတ် ခြောက်ဘုံ' ကို အမှီလိုက်နိုင်ဖို့ပဲ ရူးသွပ်နေတာ, အဲ့တာက တကယ်ကောင်းလွန်းတယ်။ update က ဒီထက်ပိုမြန်ရင် ပိုတောင် ကောင်းဦးမယ်!

.... (ပရိသတ်) ရန်ကျဲယ်ဝူတိ: ကျူချုံရှန်း! မင်း မပြေးနဲ့! အမတနတ်ဘုရားရော၊ မိစ္ဆာဘုရင်ရော လုံးဝ ရင်နင့်ကြေကွဲဖွယ်ရာ သေသွားရတယ်ကွ!

....(ပရိသတ်) : ရန်ကျဲယ်ဝူတိ, ဒီခွေးလို လူကတော့ ၊ မင်းမှာ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ဖို့ အချိန်ရှိသေးတယ်ဆိုရင် ဘာလို့ update မြန်မြန် သွားမတင်သေးတာတုန်း?

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Onde histórias criam vida. Descubra agora