Part 41 - ဘယ်သူ့ ဇနီးလေးက ကြည့်အကောင်းဆုံးလဲ?

2.6K 444 13
                                    

ကားလမ်းမှာ အတော်လေး ပိတ်လှသည်။ ထန်ချူ့နှင့် လုလျန်ကွမ်းတို့ ပွဲအခမ်းအနား ကျင်းပရာနေရာသို့ ရောက်သွားသည့်အခါ အတော်လေး လူစည်နေပြီ ဖြစ်လေသည်။

ဒီနေ့ မင်္ဂလာပွဲအခမ်းအနားအတွက် တကယ့် အဆင့်အတန်းအမြင့်ဆုံး ဟိုတယ်ကြီး၏ ကြီးမားလှသော ခန်းမကြီးအား ငှားရမ်းထားခြင်း ဖြစ်လေသည်။ တံခါးဘောင်အား ပန်းရောင်နှင့် မိုးပြာရောင် နှစ်မျိုးအား တွဲစပ်အသုံးပြုထားသော ဘောလုံးများ၊ ပန်းများဖြင့် အလှဆင်ထားသည်။ တံခါးပေါက်နားရှိ standee တွင်တော့ 'မစ္စတာကျုံးယီလွမ် နှင့် မစ္စရန်ထျန်းချင်း တို့  အေးချမ်းသာယာသည့် ဘဝလေးအား သေတဖန် သက်တဆုံး  နှစ်ကိုယ်တူ မျှဝေခံစားနိုင်ပါစေ' ဟူ၍ ရေးသားထားလေသည်။

အသစ်စက်စက် စုံတွဲမှာတော့ ထိုဆုမွန်တောင်းလွှာ နံဘေးတွင် ရပ်နေကာ ဧည့်သည်များအား ကြိုဆို၍နေသည်။ အမျိုးသား ဖြစ်သူမှာ လူကြီးလူကောင်းဆန်ကာ ယဉ်ကျေးသိမ်မွေ့သော ဟန်ပန်ရှိ၍ အမျိုးသမီး ဖြစ်သူမှာတော့ နူးညံ့သိမ်မွေ့ကာ ကြင်နာတတ်သောပုံ ပေါ်လေသည်။ သူတို့သည် အခုလေးတင် လူလတ်ပိုင်းအရွယ် စုံတွဲအား ကြိုဆိုဧည့်ခံစကား ဆိုပြီးသည့်နောက်တွင် ရန်ထျန်းချင်းမှာ သူမ၏ အသစ်စက်စက် ခင်ပွန်းဖြစ်သူအား တံတောင်ဖြင့် ညင်သာစွာ တွတ်ကာ ဆိုလိုက်သည်။

"ယီလွမ် , ရှောင်ကျူ ရောက်လာပြီ _ အာ အဲ့တာ ဟယ်ကွမ်းထုံချန်လား? သူက အရမ်းချောတာပဲ"

သူမ၏ သတိပေးစကားကြောင့် ကျုံးယီလွမ်သည်လည်း သူမ၏ အကြည့်လားရာဘက်အား လိုက်လံကြည့်ရှုလိုက်သည့်အခါ ဘေးချင်းယှဉ်ကာ လျှောက်လာသည့် ဝတ်စုံပြည့်ဖြင့် လူငယ် နှစ်ယောက်အား တွေ့လိုက်ရလေ‌တော့သည်။ အခုလေးတင် ပွဲအခမ်းအနားသို့ ရောက်ရှိလာကြသည့် ဧည့်သည်များသည်လည်း ထိုလူငယ်နှစ်ယောက်အတွက် လျှိုလျှို လမ်းဖယ်ပေးကြပြီး သိသိသာသာပင် ငေးကြည့်နေနေသည်။ ရန်ထျန်းချင်း တစ်ယောက် ထိုလူနှစ်ဦးသားအား ချက်ချင်း သတိထားမိသည်မှာ အံ့ဩစရာတော့ မဟုတ်။ သူတို့ နှစ်ဦးသား၏ အထက်တန်းကျလှသည့် ဟန်ပန်အမူအရာ အသွင်အပြင်မှာ ထင်းထင်းလင်းလင်းရှိလှသည့် အပြင် သူတို့သည် ဈေးကြီးလှပါသော ဝတ်စုံပြည့်အား ဝတ်ဆင်ထားလေရာ မြင်ရသူတိုင်း မငေးမောမိဘဲ မနေနိုင်ပါချေ။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now