Part 22 - ငွေရောင်မျက်ဝန်းများနှင့် အမျိုးသမီး စစ်သူကြီး

2.2K 420 34
                                    

ကျူကျန်သည် အတော်လေးကို ကျော်ကြားသင့် စာရေးသူ တစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ သူ၏ စမှတ်ကနေမှ အောင်မြင်မှု ပန်းတိုင်သို့ လျှောက်လှမ်းလာသည့် လမ်းကြောင်းမှာတော့ တခြားသော စာရေးသူများနှင့် အတော်လေး ကွာခြားလေသည်။

သူသည် အင်တာနက်ဆယ်လီများ၏ လမ်းကြောင်းပုံစံအား ယူခဲ့ခြင်း ဖြစ်လေသည်။ စာရေးသူတစ်ယောက်၏ social media မှ follower အရေအတွက်မှာ သူတို့၏ ဖန်တီးမှု လက်ရာများ၏ အောင်မြင်ကျော်ကြားမှုကြောင့် တိုးလာလေ့ရှိသော်လည်း ကျူကျန်အတွက်မူ ထိုအခြင်းအရာမှာ ဆန့်ကျင်ဘက်သာ ဖြစ်လေသည်။ သူသည် အောင်မြင်ကျော်ကြားမှုအား social media များမှ ရရှိလာခြင်း ဖြစ်ပြီး ထို့နောက်တွင်မှ သူ၏ ပရိသတ်များအား သူ၏ ဖန်တီးမှုလက်ရာများဖြင့် ပြန်လည်ပေးဆပ်ခြင်း ဖြစ်ပေသည်။ 

လုလျန်ကွမ်း ပြောခဲ့သည့် စကားများဖြင့် ဖော်ကြူးရပါလျှင် သူသည် စာအုပ်တစ်အုပ်တည်းဖြင့် နတ်ဘုရားဖြစ်လာရခြင်း၏ တကယ့်အစစ်အမှန် အကြောင်းအရင်းမှာ ထိုသူသည် ထိုစာအုပ်၏ အခန်းဆက် မပြီးပြတ်သည့် အချိန်အတောအတွင်း နေ့စဉ်ရက်ဆက် သူ့မိရင်းဖရင်းများပင် ပြန်မှတ်မိနိုင်မည် မဟုတ်သော တရားလွန် photoshop ထားသော ဓာတ်ပုံများအား တင်ခြင်းကြောင့်ပင် ဖြစ်လေသည်။

ဒီမီဒီယာအား ဗဟိုပြုသည့် ခေတ်စနစ်အသစ်ကြီးတွင် သင်သည် တပါးသူအား ထိခိုက်ပုတ်ခတ်ခြင်း မဟုတ်သရွေ့  သင်၏ ဖန်တီးမှုများအား ကြိုက်သည့်ပုံစံဖြင့် လွတ်လပ်စွာ ပရိုမိုးရှင်းဆင်း ခွင့် ရှိလေသည်။ ထို့အပြင်ာ အင်တာနက်ဆယ်လီကဲ့သို့  အောင်မြင်မှုကို ရှာဖွေနေသည့် စာရေးသူများမှာ ကျူကျန်တစ်ဦးတည်း မဟုတ်ပါပေ။ လုလျန်ကွမ်းတစ်ယောက် ထိုသူ့အား မျက်မုန်းကျိုးရသည်မှာ သူ၏ ကလောင်နာမည်ကြောင့် ဖြစ်ပေသည်။

ထျန်းချင်းယီလွမ် သည် ဒီနယ်ပယ်မှ ထွက်ခွာသွား၍ ရန်ကျဲဝူတိသည်လည်း အောင်မြင်မှု တဖြည်းဖြည်းကျဆင်းလာပြီးနောက် ကျူချုံရှန်းမှာ ranking မျိုးစုံ၏ ထိပ်ဆုံးနေရာအား အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားနိုင်ခဲ့သည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now