Extra 2

2.2K 297 8
                                    

ပထမနှစ်၏ နှစ်ဝက်စာမေးပွဲ ပြီးဆုံးသည့်အချိန်၌ ဟော့မြောင်မှာ ‌သုန်းလင်တက္ကသိုလ် ကွန်ပျူတာ ဌာန၌ ဉာဏ်ကြီးရှင်လေးအဖြစ် ကျော်ကြားလာလေတော့သည်။ သူသည် ပထမတွင်တော့ အနှီ ကွန်ပျူတာ ဌာနမှ လူတစ်စုအား နှစ်ဝက်စာမေးပွဲ၌ အလဲထိုးကာ ပထမနေရာ၌ ရပ်တည်ခဲ့ပြီး  သုန်းလင်တက္ကသိုလ်၌ ကျင်းပသည့် အွန်လိုင်းဂိမ်းပြိုင်ပွဲကြီး အပြီးတွင်တော့ ဟုန်းဟုန်းတောက် ကျော်ဇောလာခဲ့လေသည်။ 

သုန်းလင်တက္ကသိုလ်  ကျောင်းတွင်း ချစ်ကြည်ရေးပြိုင်ပွဲမှာ ရှုံးပွဲမရှိဘဲနဲ့ ဖလားကို အပြိုင်သိမ်းသွားနိုင်တာပေါ့လေ?

ကွန်ပျူတာ ဌာန၌ ဂိမ်းမကစားသည့် ကျောင်းသားဟူ၍ မရှိသလို အနှီကောလိပ်ကျောင်းသား အသိုင်းအဝိုင်းအတွင်း၌ ဂိမ်းနှင့် ပတ်သက်လာလျှင် တစ်ယောက်တစ်မျိုးစီ ဆရာကျ ကြလေသည်။ ဟော့မြောင်အား ပို၍ ဩဇာတိက္ခမ ကြီးမြင့်သွားစေသည်မှာ ထိုသူသည် ကျောင်း၌ ထိပ်ဆုံးနေရာအား ဗိုလ်စွဲထားနိုင်သေးသည့် အချက်ပင် ဖြစ်လေသည်။ ဤသို့ဖြင့် ဟော့မြောင်မှာ ကွန်ပျူတာဌာနအတွင်း မသိသူ မရှိ ကျော်ကြားလာကာ လူတိုင်းဆီထံမှ 'နတ်ဘုရား စန်းရွှေ' ဟူ၍ ကြည်ညိုဂုဏ်ပြုခြင်း ခံရသည်။ သူသည် ကွန်ပျူတာ ဌာနမှ ဒီနှစ်အတွက် ချိန်ရှို့အဆောင်အတွင်း၌ နေထိုင်ခွင့်ရသည့် တစ်ဦးတည်းသောသူ ဖြစ်၍ နေရာ စာသင်နှစ်အစကတည်းကပင် မလိုလားသူ အချို့ ရှိခဲ့သည်။ 

ကွန်ပျူတာဌာနမှာ သုန်းလင်တက္ကသိုလ်၌ ကျော်ကြားသော မေဂျာ ဖြစ်ပြီး တခြားသော ဒေသအသီးသီးမှ အတော်ဆုံး အကောင်းဆုံး ကျောင်းသားများ လာရောက်စုဝေးနေကြခြင်း ဖြစ်၍ ဟော့မြောင်မှာတော့ မြို့တော်မှ တတိယအဆင့်ဖြင့်သာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ 

ချန်ရှို့အဆောင်လို သမိုင်းအစဉ်အလာကြီးမားတဲ့ အဆောင်တစ်ခုက ဒီလို တစ်နေကုန် တစ်နေခမ်း အတန်းနောက်ကျတတ်တဲ့ ကျောင်းသားမျိုးကို လက်ခံတယ်ပေါ့? သို့ပေမဲ့ ချန်ရှို့အဆောင်မှ ကျောင်းသားများသည် အတန်းချိန်မှန်မှန် မဖြစ်မနေ တက်ရောက်ရမည်ဆိုသော စည်းကမ်းချက် မရှိပါချေ။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Où les histoires vivent. Découvrez maintenant