Ao Te ဘက်မှ PenNib စာပေအား မူပိုင်ခွင့် ချိုးဖောက်သည့် အရေးကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခြင်းမှာ အဆုံးသတ်သည့် အချိန်သို့ ရောက်လာသည့်အခါ တစ်နှစ်တာ ကာလမှာ ကုန်ဆုံးခဲ့ရပြီ ဖြစ်လေသည်။
လျော်ကြေးငွေမှာ သေချာပေါက်ပင် 'မိုးထိမြင့်မားလုမတတ်' ဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ကို ကိုက်ညီလှပေသည်။ Ao Te ဘက်မှ လျော်ကြေးငွေ၏ တစ်ဝက်ပမာဏအား ချိုချဉ်ကြော် စတူဒီယိုအား ခွဲပေးခဲ့လေသည်။ အောင်ပွဲခံရန်အတွက် ထန်ချူ့သည် စတူဒီယိုရှိ လူတိုင်းအတွက် စိမ်ခံကားတစ်စီး ဝယ်ပေးခဲ့သော်လည်း ငွေပမာဏ အမြောက်အများကျန်ရှိဆဲပင် ဖြစ်လေသည်။
"ဒါကြီးက အရမ်းရယ်ရတယ်။ Pen Nib နဲ့ Liu Jin က သူတို့တွေ တရားစွဲဆိုမယ်လို့ ပေါင်းပြီး ကြေညာချက်ထုတ်လာတယ်။ သူတို့ပြောတာကတော့ ကျူကျန်က စာမူပုံတူခိုးထားတယ် ဆိုတဲ့ အဖြစ်မှန်ကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ ဖုံးကွယ်ထားခဲ့ပြီးတော့ ကုမ္ပဏီ နှစ်ဘက်စလုံးကို ထိခိုက်နစ်နာစေခဲ့တယ်တဲ့။ နောက်ဆုံးမှာတော့ ကျူကျန်ဘက်ကလဲ တဖန်ပြန်ပြီးတော့ သူနဲ့ သူ့အယ်ဒီတာ စကားပြောထားတဲ့ဟာကို Weibo မှာ တင်လိုက်တယ်၊ နောက်တော့ Pen Nib ဘက်ကနေပြီး အဲ့တာက အတုကြီးပါဆိုပြီး စာထုတ်လာပြန်ရော..."
ဖက်ထုပ်ကြော်လေးမှာ Weibo အား ကြည့်ရင်းဖြင့် သူမသည် လက်ထဲမှ ဖုန်းလွတ်ကျလုနီးပါး ရယ်မောနေလေသည်။
"အင်တာနက်ပေါ်က လူတွေက သူတို့ကို လှောင်ရယ်နေကြပြီးတော့ သူတို့က အချင်းချင်း ပြိုင်ကိုက်ဖို့ ကြိုးစားနေကြပေမဲ့ သူတို့အကုန်လုံးက ရေစုန်မြောပြီးသားပဲလို့ ပြောနေကြတယ်"
ထန်ချူ့မှာ 'အင်း' ဆို၍သာ ရိုးရှင်းစွာ တုံ့ပြန်လာလေသည်။ သူတို့ ဘော့စ်၏ အေးတိအေးစက်ပုံစံအား မြင်လိုက်ရသည့်အခါ လက်ထောက်များမှာလဲ အသာ ပြန်ငြိမ်လိုက်လေသည်။ သူတို့ အကုန်လုံး ကုတ်ကျသွားခြင်းမှာ သူတို့၏ နောက်ထပ် ဘော့စ် တစ်ယောက် မရှိနေသောကြောင့်လဲ ဖြစ်လေသည်။ အကယ်၍ လုလျန်ကွမ်းသည် ဒီနေရာ၌ ရှိနေပါက သူတို့နှင့်အတူ သူပါလိုက်၍ ရယ်မောလိမ့်မည် ဖြစ်လေသည်။
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...