Part 24- Daddy,ဒီတစ်ကြိမ်လောက်ပဲ အချစ်ကို ပြသပေးပါ

2.5K 407 9
                                    

လုလျန်ကွမ်းသည် အဆောင်သို့ ပြန်ရောက်သည့်အခါ ဘယ်သူမှ မရှိနေလောက် ဟု တွေးထားခဲ့သည် ။ ဒီနေ့သည် စနေနေ့ဖြစ်ပေရာ ပုံမှန်အားဖြင့် ဟော့မြောင်မှာ တစ်ညတာအား ကုန်ဆုံးရန်အတွက် အင်တာနက်ကဖေးတစ်ခုအား ရှာနေကျ ဖြစ်လေသည်။ 

အံ့ဩစရာကောင်းလှစွာပင် ဟော့မြောင်မှာ အဆောင်တွင်း၌ ရှိနေရုံသာမက ကြုံတောင့်ကြုံခဲ ဖြစ်စဉ်အဖြစ် သူသည် ကွန်ပျူတာရှေ့၌ ရှိမနေပါချေ။ ထိုအစား သူသည် အိပ်ရာထက်တွင် မျှော်လင့်ချက် ပျက်သုဉ်းသောပုံဖြင့် အလောင်းကောင်အလား ဆန့်ဆန့်ကြီး လဲလျောင်းနေလေသည်။

လုလျန်ကွမ်းသည် ခေါင်းမော့ကာဖြင့် မီးအလင်းရောင်အား ကြည့်လိုက်သည်။ ထို့နောက် သူသည် ပဟေဋိဖြစ်ဟန်လေးဖြင့် မေးမြန်းလာသည်။

"မီးလဲ မပျက်ပါဘူး၊ ဒါဆို မင်း ဘာဖြစ်နေတာလဲ? မဟုတ်မှလွဲရော ငါတို့ ကျောင်းမှာ အင်တာနက် မရတော့တာလား?"

သူသိသလောက်ဆိုလျှင် မီးပျက်ကာ အင်တာနက်လိုင်းကျခြင်း မရှိသရွေ့ ဟော့မြောင်မှာ သူ၏ ကွန်ပျူတာအား အသုံးပြုကာ မည်သည့် ပြသနာမျိုးမဆို ဖြေရှင်းနိုင်လေသည်။ သူသည် ဖုန်းအား ဖွင့်ကာ အင်တာနက် ရ, မရ ကြည့်ဖို့ ပြင်နေသည့်အချိန်မှာပင် ဟော့မြောင်မှာ သက်ပြင်းတစ်ချက်ရှိုက်ကာ ပြော၍လာလေသည်။

"ဒီနေ့ ပေကျင်းဆီက စာရောက်လာတယ်"

သူသည် တစ်ဖက်သူ၏ စကားအား လုံးလုံးလျားလျား နားလည်ခြင်း မရှိပါချေ။ သူသည် 'ကျွန်တော် အဆောင်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါပြီ၊ အကို ကားမောင်းနေရင် စာမပြန်နဲ့နော်' ဟူ၍ စာရိုက်ကာ ထန်ချူ့ထံ ပို့လိုက်ပြီးမှ မေး၍လာသည်။

"ပေကျင်းက ဘယ်လိုစာက ရောက်လာတာလဲ?"

ဟော့မြောင်သည် ညည်းညူသံပြု၍လာသည်။

"လွန်ခဲ့တဲ့ ခြောက်လက မင်းခန့်မှန်းထားတာက တကယ် ဖြစ်လာပြီ"

လွန်ခဲ့သည့် ခြောက်လ.... လုလျန်ကွမ်းမှာ အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ တစ်ဖက်သူ၏ ဆိုလိုရင်းအား သဘောပေါက်သွားလေသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Tahanan ng mga kuwento. Tumuklas ngayon