Part 12- နတ်ဘုရားမက ငါတို့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတာပဲ...

2.3K 459 25
                                    

ထန်ချူ့မှာ စကားတစ်လုံးတစ်ဗျာဒမျှ မပြောနိုင်ခဲ့ပါချေ။ သူသည် ဖျန့်ယွီအား မလိမ်ညာချင်ဘဲ သူ၏ နာမကျန်း ဖြစ်မှုအကြောင်း အမှန်အတိုင်းပြောပြချင်မိသော်လည်း သူ့ဘဝ၏ ပြစ်ချက်အနာအဆာများအား တစ်ဖက်သူထံသို့ ထုတ်ဖော်ပြသလိုခြင်း မရှိပါချေ။

သူသည် အရမ်းကို ဆိုးရွားလွန်းပြီး ဖျန့်ယွီမှာတော့ အံ့ဩဖွယ်ရာကောင်းလှသည်။

ဖျန့်ယွီမှာတော့ ဒီလောက်တောင် အံ့ဩဖွယ်ရာကောင်းလှသော်လည်း သူက ဘာရယ်ကြောင့်များ ဆိုးရွားလွန်းနေရသလဲ?

အခန်းတွင်းရှိ လေထုမှာ တဖန် ဆိတ်ငြိမ်သွားရပြန်သည်။

"စိတ်မပူပါနဲ့၊ အကို မသွားချင်ရင် သွားစရာမလိုပါဘူး"

လုလျန်ကွမ်းသည် တိတ်ဆိတ်နေသော လေထုအား တည်ငြိမ်စွာ ဖြိုခွဲလိုက်လေပြီး ထန်ချူ့ လက်တော့ပ် နံဘေး၌ နေရာချထားသည့် လက်ဆောင်အိတ်လေးထံသို့ လက်လှမ်းလိုက်လေသည်။

"အကို ကြည့်ကြည့်၊ ကျွန်တော် အကို့အတွက် လက်ပတ်လေး ဝယ်လာပေးတယ်လေ။ ကျွန်တော် အကို့ ဓာတ်ပုံကို မြင်တဲ့နေ့ကတည်းက ဒီလောက်လှတဲ့ လက်ကောက်ဝတ်လေးက ဒီလို လက်ပတ်မျိုးနဲ့ဆို သေချာပေါက် လိုက်မှာပဲလို့ တွေးမိတာလေ"

သူသည် ဒူးတစ်ဝက်ထောက်ထားသည့် အနေအထားဖြင့်ပင် ဘူးလေးအား ထန်ချူ့၏ ပေါင်ထက်တွင် တင်လိုက်ကာ ဖွင့်လိုက်လေသည်။ ထိုလက်ပတ်လေးမှာ အရည်အသွေးမြင့်မားလှကာ သတ္တုကိုမှ ငွေရည်လောင်းထားခြင်း ဖြစ်ပေသည်။

"ဒီမှာ, အကို့လက်လေး ပေးနော်"

လုလျန်ကွမ်းသည် ပြောရင်းဖြင့် ထန်ချူ့၏ လက်လေးအား ဆွဲယူလိုက်ကာ လက်ဖဝါးလေးဘက်သို့ လှန်လိုက်လေသည်။

ထန်ချူ့သည် နာခံစွာဖြင့်ပင် သူ၏ ဘယ်ဘက်လက်ကလေးအား လုလျန်ကွမ်း၏ လက်တွင်း၌ ထည့်ထားလေသည်။

အေးစက်ကာ မာကျောလှသော လက်ပတ်လေးမှာ သူ့လက်လေးနှင့် ထိခတ်သွားသည်။ လုလျန်ကွမ်းသည် လက်ချောင်းလေးများအား အားတစ်ခုထည့်ကာဖြင့် ဆုပ်ကိုင်ထားကာ ထိုလက်ပတ်လေးအား သူ့လက်ပေါ်တွင် ဖြေးညှင်းစွာ နေရာချပေး၍ နေလေသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Tempat cerita menjadi hidup. Temukan sekarang