Extra -10

823 140 8
                                    

ကျောင်းစဖွင့်သည့် ကနဦးပိုင်း ကာလများမှာ အပြီးသတ်ဆောင်ရွက်စရာ ကိစ္စများ, အသစ် စတင်သင်ကြားရသည့် ဘာသာရပ်အသစ်များနှင့် ကလပ်များအတွက် အဖွဲ့ဝင်အသစ်များ ခေါ်ယူရခြင်း စသည်ဖြင့် အထွေထွေ ကိစ္စများကြောင့် အလွန်အလုပ်များလေသည်။

မနက်စောစော ဆေးတစ်လုံးသွင်းပြီးချိန် အချိန်ကာလတွင် လုလျန်ကွမ်းမှာ ထန်ချူ့နှင့် မိတ်ဖြစ်ဆွေဖြစ် ညစာတစ်နပ် အတူစားသောက်ပါရန် ချိန်းဆိုနိုင်ခဲ့သည်။ ဤသို့ဖြင့် သူတို့ နှစ်ဦးသားမှာ ညစာတစ်နပ်ဟူသော သဘောတူညီချက်မှသည် နေ့စဉ်နေ့တိုင်းအိပ်ရာနိုးပြီးသည်နှင့် ကန်တင်း၌ မနက်စာ တစ်နပ် အတူစားသောက်ကြသလို ညစာကိုလဲ အတူတကွ စားသောက်ခဲ့ကြသည်။ သူတို့ နှစ်ဦးစလုံးမှာ စာသင်နှစ်အစတွင် ကျောင်းကိစ္စများဖြင့် အလုပ်များ၍ နေရာ ကျောင်းမှလွဲ၍ လမ်းများနိုင်ခြင်း မရှိသေးပါချေ။

လုလျန်ကွမ်း၏ စည်းစနစ်ရှိမှုနှင့် ထန်ချူ့၏ အကျင့်စရိုက်တို့ကြောင့် သူတို့ နှစ်ယောက်မှာ အတူတကွ စားသောက်နေစဉ်အတွင်း စကားပြောခဲလှသည်။ စားသောက်ပြီးသည့်နောက်တွင်လဲ သူတို့မှာ တစ်ယောက်ကို တစ်ယောက် နားလည်မှုဖြင့် ကိုယ် လမ်းကိုယ် ပြန်သွားကြလေရာ သူတို့၏ ပတ်သက်မှုတွင် ဘာအဖုအထစ်မှ မရှိခဲ့ပါချေ။

ဤသည်မှာ လုလျန်ကွမ်း၏ အတွေးဖြစ်သည်။ ထန်ချူ့အတွက်မူ ကမ္ဘာကြီးတစ်ခုလုံးသည် ဇောက်ထိုး‌မိုးမျှော် ဖြစ်သွားခဲ့ရသည်။ 

သူသည် ဘဝတစ်လျှောက်လုံးတွင် ယခုလို အတွေ့အကြုံမျိုး မရှိဘူးပါချေ။ တကယ့် လက်တွေ့ဘဝတွင် သူသည် သူ့ဆန္ဒအလျှောက် မဟုတ်ဘဲ မဖြစ်မနေလိုအပ်ချက် အရသာ သူစိမ်းတရံများနှင့် ပြောဆို ဆက်ဆံဖူးခြင်း ဖြစ်လေသည်။ သူ့၌ သုံးနှစ်တာ အခန်းတစ်ခုတည်းအား မျှသုံးနေသည့် အခန်း‌ဖော် တစ်ယောက် ရှိသော်လည်း အများသောအားဖြင့် ယိုဟုန်ကျီမှာ သူတစ်ယောက်တည်း ဘာသိဘာသာ နေတတ်သဖြင့် တရင်းတနှီး မရှိလှသလို တခါတလေ သူကိုယ်တိုင်ပင် တစ်ဖက်သူ သူ့အား လျစ်လျူရှုကာ ဘာသိဘာသာ နေပါစေရန် ဆုတောင်းခဲ့သည်များလဲ ရှိလေသည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now