Part 53 - အယူသီးမှုအား ချေဖျက်သူများ အဖွဲ့

1.9K 352 12
                                    

သုန်းလင်တက္ကသိုလ်၏ နှစ်စဉ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တစ်မြို့လုံး၏ စိတ်အာရုံအား စွဲဆောင်နိုင်စမြဲ ဖြစ်လေသည်။ ထိုကဲ့သို့ တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ရသည့် အကြောင်းအရင်းမှာ နာမည်ကြီး ကျောင်းသားဟောင်းများစွာကို ပွဲအခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားသောကြောင့် ဖြစ်ပေသည်။ ထိုသူများကြားထဲတွင် နယ်ပယ်ကဏ္ဍအသီးသီး၏ ထိပ်သီး ပုဂ္ဂိုလ်များ အပြင် သုန်းလင် မြို့၏ ဂုဏ်ဆောင် အောင်မြင်ကျော်ကြားသည့် စီးပွားရေး လုပ်ငန်းရှင်များလဲ ပါဝင်ပေသည်။ 

ထန်ချူ့မှာ ကျောင်းဂိတ်ပေါက်နှင့် မဝေးတော့သည့် လမ်းတစ်ခုလတ်တွင် တစ်နာရီလုံးလုံး ပိတ်မိနေခဲ့သည်။ သူ လမ်းခရီးအခြေအနေအား ခန့်မှန်းမိခဲ့၍ ကြိုတင် ထွက်လာခဲ့၍ တော်သေးသည်ဟု ဆိုရပေလိမ့်မည်။ နောက်ဆုံးတွင်တော့ သူသည် ပွဲအခမ်းအနား ကျင်းပရာ ခန်းမဆောင် အပြင်ဘက်သို့ ရောက်ရှိလာသောအချိန်တွင် အခမ်းအနား တရားဝင် စတင်ရန် မိနစ်သုံးဆယ်လောက် လိုသေးလေသည်။

"ထန်ချူ့ ! ဒီမှာ !"

လုလျန်ကွမ်းများ ဘွဲ့ဝတ်စုံ ကိုယ်စီ ဝတ်ဆင်ထားသည့် လူအုပ်ကြားထဲမှ တိုးထွက်လာပြီး ထန်ချူ့၏ လက်အား ဆုပ်ကိုင်၍ လာလေသည်။

"ချိန်ရှို့ အဆောင်ကျောင်းသားတွေရဲ့ မိသားစုဝင်တွေက ရှေ့ဆုံး အတန်းမှာ ထိုင်ရမှာ , ဒီဘက်ကို လာ"

သူတို့သည် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထန်ချူ့သည် လူအများရှေ့တွင် ပူးပူးကပ်ကပ် နေတတ်သည့် သူ၏ အကျင့်အား စိတ်ထဲမထားတော့ပါချေ။

ခန်းမအတွင်း၌လဲ လူများ ပြည့်နှက်၍ နေကာ လူတိုင်းမှာ အပြန်အလှန် လောကဝတ်စကားဆိုဖို့နှင့် ထိုင်ခုံနေရာ ရှာဖို့အတွက် ဗျာများနေကြပေသည်။ ထို့ကြောင့် ဘယ်သူကမှ တခြားသူအား အာရုံစိုက်ရန် အချိန်မရှိပါချေ။ 

ဒီပျာပန်းခတ် လှုပ်ရှားနေသည့် ခန်းမကြီးထဲတွင် ပွဲအခမ်းအနားမစသေးခင်၌ အမှန်တကယ်ကို ဆူညံလွန်းလှသည်။

ထန်ချူ့သည် အသံကို မြှင့်၍ မေးလာသည်။

"မင်းမိဘတွေက တကယ် မလာတော့ဘူးလား?"

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Où les histoires vivent. Découvrez maintenant