ထန်ချူ့သည် လုံးချင်းဝတ္ထု ထုတ်လုပ်သည့်ဘက်သို့ ကူးပြောင်းပြီးသည့် အချိန်မှ စ၍ သူ၏ အလုပ်ချိန်မှာ ပို၍ အလျဉ်းသင့်သလို ပြောင်းလဲနိုင်လာလေသည်။ လုလျန်ကွမ်းသည်လည်း အခုလေးတင် အခန်း၀တ္ထုတစ်ပုဒ်အား ပြီးမြောက်ထားလေရာ စာမူများအား ယခင်လို ဖုတ်ပူမီးတိုက် ရေးသားရန် မလိုပါချေ။ သို့ဖြစ်ရာ နောက်တစ်နေ့တွင် လုလျန်ကွမ်းနှင့် ထန်ချူ့မှာ အပြင်ထွက်ကာ ဒိတ်လုပ်ကြလေသည်။ သို့ပေမဲ့ သူတို့သည် လုလျန်ကွမ်းအား သူ၏ ပရိသတ်များစွာက မှတ်မိနေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
ဈေး၀ယ်အတူတူ လုပ်လာကြသည့် အနှီမိန်းကလေး အတွဲမှာ လွန်ခဲ့သည့် နှစ်ရက်က ပြုလုပ်သည့် စာအုပ်လက်မှတ်ရေးထိုးအား မတက်ရောက်နိုင်ခဲ့သော်လည်း နောက်တစ်နေ့တွင် ဟယ်ကွမ်းထုံချန်နှင့် လမ်း၌ အမှတ်မထင် ဆုံခဲ့လေတော့သည်။ သူတို့ နှစ်ဦးသားမှာ ရူးသွပ်မတတ် စိတ်လှုပ်ရှားနေကာ ဓာတ်ပုံတစ်ပုံလောက် အတူရိုက်ခွင့်ရှိမလားဟု မေး၍ လာလေသည်။
လုလျန်ကွမ်းသည် သူတို့အား ခေတ္တခဏ စောင့်စားရန် ပြောပြီး တဖက်သို့ လှည့်ကာ ထန်ချူ့၏ နားအတွင်းသို့ စကားတစ်ခွန်း၊ နှစ်ခွန်း တီးတိုး ပြောဆိုလာလေသည်။ ထန်ချူ့သည် သူ့အား တချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ကောင်မလေးတစ်ယောက်၏ ဖုန်းအား အရင် စယူလိုက်လေသည်။
မိန်းကလေး နှစ်ယောက်မှာ လုလျန်ကွမ်းသည် သူ၏ အဖော်ဖြစ်သူအား ဓာတ်ပုံရိုက်ခိုင်းရန် အကူအညီတောင်းသည်ဟု တွေးလိုက်သော်လည်း ထန်ချူ့ တစ်ယောက်တည်းသာလျှင် တစ်ဖက်သူမှာ အခုလေးတင် ဘာပြောခဲ့မှန်း သိလေသည်။
"ကိုယ့်ရဲ့ ချစ်လှစွာသော မိသားစုဝင်လေးရေ, ကိုယ့်ကို တခြားပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်ခွင့် ပြုမှလားဟင်? မင်းလေးက ကိုယ့်ကို အရမ်းရမ်း အရမ်း သဘောကျတဲ့ တစ်ဦးတည်းသော ပရိသတ်ဆိုတာ ကိုယ် သိပါတယ်"
ထန်ချူ့၏ မျက်နှာအမူအရာမှာ အပြောင်းအလဲ မရှိဟု ထင်ရသော်လည်း တကယ့်တကယ်တွင်တော့ သူသည် အလွန်အမင်း ရှက်ရွံ့သွားကာ တခြားသူများ မမြင်နိုင်သည့် နောက်ဘက်မှ နေ၍ လုလျန်ကွမ်း၏ အင်္ကျီအား အကြမ်းပတမ်း ဆွဲ၍နေလေသည်။
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...