Part 42 - Meeting real you while drinking

2.2K 382 17
                                    

"ရတာပေါ့"

လုလျန်ကွမ်းသည် ညင်သာစွာဖြင့် ပြောလာခဲ့သည်။ လုလျန်ကွမ်းသည် ထန်ချူ့ တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း မသိသကဲ့သို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပုံလေးအား မြင်လိုက်ရသည်။ ထို့ကြောင့်ပင် သူ့ဘက်က အရင်စတင်ကာ စကားဆိုလိုက်သည်။

"ကိုယ် မင်းကို စကားစဖို့ ကူညီပေးမယ်လေ , နော်?"

ရန်ကျဲဝူတိမှာ ဇာတ်ရှိန်တက်လာလေလေ အဓိက ဇာတ်လိုက်၏ ရွှေလက်ချောင်းကြီးမှာ ပို၍ တဝင်းဝင်း တောက်ပလာလေ ဖြစ်သော စံပြ ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဇာတ်လမ်းမျိုးကို ရေးသားသူ တစ်ယောက် ဖြစ်လေသည်။ သူ လက်ထပ်ပြီးသည့်နောက်တွင်တော့ သူ၏ ဝတ္ထုအသစ်များမှ အမျိုးသား ဇာတ်လိုက်မှာ ထိုကဲ့သို့ မောင်းမတစ်သိန်းနှင့် လောကစည်းစိမ်းအား စံစားသည်မျိုး မပါဝင်တော့လေရာ သူသည် အလွန်အမင်းကို ဝေဖန်အပြစ်တင်ခံလိုက်ရသေးသည်။ 

ရန်ကျဲဝူတိမှာ လုလျန်ကွမ်း ကျင်လည်ရာ အသိုက်အဝန်းနှင့် အလှမ်းဝေးလှပေရာ သူတို့ နှစ်ဦးသားမှာ လုံးလုံးလျားလျားပင် သိကျွမ်းခြင်း မရှိပါချေ။ သို့ပေမဲ့ သူ့အတွက်တော့ သူ ရန်ကျဲဝူတိအား သိသည်၊ မသိသည် ဆိုတာက အရေးမကြီးလှ၊ ယခု ထန်ချူ့မှာ သူ့အား ရန်ကျဲဝူတိ နှင့် အသိအကျွမ်းဖြစ်စေချင်သည် ဆိုမှတော့ သူသည် ထန်ချူ့၏ ဆန္ဒအား ပြည့်ဝအောင် ဖြည့်ဆည်းပေးရမည်သာ ဖြစ်လေသည်။

"မင်္ဂလာပါ နတ်ဘုရားရန်"

လုလျန်ကွမ်သည် ကိုယ်ကို ရှေ့သို့ ကိုင်းညွတ်ကာ ရန်ကျဲဝူတိအား နှုတ်ဆက်စကားဆိုလိုက်လေသည်။

သူသည် တမင်ပင် သူ့ရှေ့ရှိ နာမည်ရေးထားသော ကတ်လေးအား ကွယ်ထားလိုက်လေရာ ရန်ကျဲဝူတိမှာထ ထင်ထားသည့် အတိုင်းပင် 'မင်္ဂလာပါ' ဟု ပြန်လည် နှုတ်ဆက်စကားဆိုပြီးသည်နှင့် တုံ့ဆိုင်းသွားရလေတော့သည်။

ထန်ချူ့သည် အခွင့်အရေးအား အတိအကျ ဆုပ်ကိုင်ကာဖြင့် အချိန်ကိုက် ဝင်ပြောလာလေသည်။

"ဒါက ဖျန့်ယွီလေ, ကျွန်တော့် သူငယ်ချင်း"

ရန်ကျဲဝူတိမှာ နောက်ဆုံးတွင်တော့ သဘောပေါက်သွားရသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Donde viven las historias. Descúbrelo ahora