Part 23 - သူ များများကူးချလေလေ သူ့သေတွင်း သူမြန်မြန် တူးမိလေလေပဲ

2.1K 443 12
                                    

"နတ်ဘုရားကျူ"

ထန်ချူ့သည် အတိတ်မှတ်ဉာဏ်များတွင် နစ်မြော၍ နေလေရာ လုလျန်ကွမ်း၏ ခေါ်သံကြားမှသာ သတိပြန်ဝင်၍လာသည်။ သူသည် လက်ရှိအချိန်ကာလသို့ ပြန်ရောက်လာသည့်အခါ သူ၏ ခန္ဓာကိုယ်မှာ နွေးထွေးကာ တင်းကြပ်သော ပွေ့ဖက်မှုအတွင်းသို့ ရုတ်ချည်းကျရောက်သွားရလေသည်။

"အကို့ရဲ့ ဆုံးရှုံးမှု အတွက် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး"

သူတို့နှစ်ယောက်၏ အရပ်မှာ မတိမ်းမယိမ်း ရှိလေရာ ပွေ့ဖက်ရသည်မှာ သက်တောင့်သက်သာ ရှိလှသည်။ လုလျန်ကွမ်း၏ ပျိုမြစ်ကာ အားမာန်ပြည့်သည့် စိတ်ဝိဉာဉ်မှာ ထန်ချူ့အား လက်ရှိအချိန်ကာလသို့ ပြန်လည်ဆွဲခေါ်၍ လာလေသည်။ သူ့ပခုံးတစ်ဝိုက်ရှိ လက်မှာ ပိုမို တင်းကြပ်သွားကာ သူ၏ အသံမှာ စိတ်ရင်းဖြင့် ပူဆွေးသည့်ပုံပေါ်လေသည်။ ထန်ချူ့သည် အရွယ်ရောက်ပြီးသည့် နောက်ပိုင်းတွင် သူ့ညီမလေးအတွက် မျက်ရည်ကျခြင်းမျိုး မရှိတော့ပါချေ။ အခုအချိန်တွင်တော့ သူ၏ မျက်ဝန်းစပ်များမှာ ရုတ်တရက် ပူနွေးလာရသည်။

သူသည် ဒီလိုမျိုး အပြစ်အနာအဆာများသည့် ကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက်မျိုးနှင့် မွေးဖွားခဲ့သည်တော့ မဟုတ်ရပါချေ။ အနည်းဆုံးတော့ သူသည် အသက် ၆နှစ်မတိုင်အထိ သာမန် လန်းဆန်းတက်ကြွသည့် ကလေးငယ်တစ်ယောက် ဖြစ်ခဲ့သည်။ 

  သူ၏ ကိုယ်ပိုင်အိမ်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုအား မျက်မြင်ဒိဌ ကြုံတွေ့ခဲ့ရသော လူဟူ၍ ဒီလောကကြီးထဲတွင် သူတစ်ဦးတည်းသာ ရှိလေသည်။ သူသည် သူ၏ မိခင်ဖြစ်သူ မည်သည့်လုပ်ရပ်မျိုး ကျူးလွန်နေမှန်း သဘောပေါက်သွားသည်နှင့် တဟုန်ထိုး ပြေးသွားကာ အော်ဟစ်ရုန်းကန်ရင်း သူ့မိခင်အား တားဆီးရန် ကြိုးပမ်းခဲ့သည်။ သို့ပေမဲ့ ထိုအချိန်တွင် တအားကို နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။ ထိုအချိန်က သူသည် တခြားသော အကူအညီအား မရှာဖွေခဲ့သည်တော့ မဟုတ်ရပါချေ။ သူ ၆နှစ်သား အရွယ်တွင် သူသည် ထိုဖြစ်ရပ်အား သူ၏ ဖခင်အား ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြခဲ့သော်လည်း စိတ်ကူးပေါက်ရာ ပေါက်ကရ လျှောက်ပြောသည်ဟု စွပ်စွဲကာ ဆူခံထိခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။ သူ အသက် ၁၃နှစ်အရွယ်တွင် ထိုကိစ္စအား တိုင်ကြားရန်အတွက် ရဲစခန်းသို့ သွားခဲ့သည်။ သို့ပေမဲ့ ထိုအချိန်၌ မစ္စတာထန်၏ လုပ်ငန်းမှာ အလွန်ကြီးမား ကျယ်ပြန့်နေပြီ ဖြစ်လေသည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Dove le storie prendono vita. Scoprilo ora