Part 21 - နံရံထက်မှာ ဖိကပ်ထားပြီး လက်မောင်းတွေကြားမှာ ထွေးပွေ့ထားတယ်...

2.4K 413 36
                                    

ထိုခဏတာအတွင်း ထန်ချူ့မှာ သူ အရိုက်ခံရတော့မည်ဟုပင် တွေးလိုက်မိသည်။

မဒမ်ထန်မှာ ကျေးရွာငယ်လေးတစ်ခုမှ သာမန်လက်လုပ်လက်စား မိသားစုထဲတွင် ကြီးပြင်းလာသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူမအတွက် ကလေးငယ်များအား ဆူဆဲ ရိုက်နှက်ခြင်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် မြင်ကွင်းတစ်ခုသာ ဖြစ်လေသည်။ ထန်ချူ့သည်လည်း ငယ်ရွယ်စဉ်အခါက သူ၏ သီးသန့်ဆန်လွန်းလှသည့် အမူအကျင့်နှင့် သွက်လက်ချက်ချာသော အပြောစွမ်းရည် ကင်းမဲ့နေမှုကြောင့် မကြာခဏ အရိုက်ခံခဲ့ရသည်။ 

တဖြည်းဖြည်းနှင့် မစ္စတာထန်၏ စီးပွားရေးလုပ်ငန်းမှာ ကြီးထွားလာပြီး သူတို့၏ မိသားစုသည်လည်း သုန်းလင်မြို့၏ အထက်တန်းလွှာတွင်းသို့ ဖစ်ညှစ်ကာ ဝင်ရောက်နိုင်ခဲ့သည်။ အနှီ အထက်တန်းလွှာ အသိုင်းအဝိုင်းအတွင်း၌ သားသမီးဖြစ်သူအား ဆိုဆုံးမရာတွင် 'ရိုက်နှက်ခြင်း' ဟူသည့် နည်းနာနိသာယ မရှိပါချေ။ 

အကယ်၍ ဒီအခြင်းအရာသာ လူကြားထဲတွင် ပျံ့နှံ့သွားပါက သူတို့ မိသားစု၏ ဂုဏ်သိက္ခာကျဆင်းဖွယ်ရာ ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် မစ္စတာထန်မှာ မဒမ်ထန်အား ထိုသို့ ထပ်မပြုမူရန် အကြိမ်အနည်းငယ်လောက် ကြိမ်းမောင်းခဲ့ပြီး နောက်ဆုံးတွင် မဒမ်ထန်မှာ ထိုအကျင့်အား ပြုပြင်နိုင်လိုက်လေသည်။ 

ထန်ချီမှာတော့ အချိန်အခါကောင်းနှင့် ကွက်တိကြုံကြိုက်ကာ မွေးဖွားလာသည်ဟု ဆိုရပေသည်။ သူသည် အဆော့ကစားမက်သည့် အရွယ်သို့ ရောက်လာချိန်၌ မဒမ်ထန်မှာ သူတို့မိသားစု၏ အထက်တန်းလွှာ ဂုဏ်သရေအား အလေးထားနှင့်နေပြီ ဖြစ်လေရာ သူမ၏ ကလေးများအပေါ် ရိုက်နှက်ခြင်းအလျဉ်း မရှိတော့ပါချေ။

သို့ပေမဲ့ သူ၏ အစ်ကို ဖြစ်သူ ထန်ချူ့မှာတော့ ကံမကောင်းခဲ့ပါချေ။ သူ၏ ကလေးဘဝတွင် ထန်ချူ့မှာ မိခင်ဖြစ်သူ၏ ဆူပူရိုက်နှက်ခြင်းမှ လွတ်မြောက်နိုင်ရန်အတွက် သူ့ကိုယ်သူ အခန်းငယ်လေးအတွင်း၌ အချိန်အတိုင်းအတာ တစ်ခုအထိ ပိတ်လှောင်ကာ ပုန်းခိုလေ့ရှိပေသည်။

တခါတရံ သူသည် အခန်းအတွင်းမှ ဆွဲထုတ်ခြင်း ခံရကာ သူ၏ မိခင်ထံမှ သူ့အတွက် ရည်ရွယ်ချက်ရှိရှိ ဝယ်ယူထားသော ကြိမ်လုံးဖြင့် ရိုက်နှက်ခြင်း ခံရလေသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ