Part 7 - အရာအားလုံးက ချိုချဉ်ကြော်ချည်းပဲ...

3K 454 19
                                    

"ဒါဆိုလဲ မြန်မြန်သွားကြရအောင်လေ။ နောက်ကျလို့ ကောင်းမှာမဟုတ်ဘူး"

သူ့နှလုံးသားထဲတွင်တော့ လုလျန်ကွမ်း တစ်ယောက် အတော်လေးကို ပျာပန်းခတ်နေပြီ ဖြစ်သည်။ သူသည် တချိန်လုံး ကိုင်ထားသော လက်ဆောင်အိတ်ကလေးအား ထန်ချူ့ဆီသို့ ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော် ပြင်ဆင်လာခဲ့တဲ့ လက်ဆောင်ပါ၊ အစ်ကို ကြိုက်ပါ့မလားတော့ မသိဘူး,  ဒါပေမဲ့ ဟိုတယ်ရောက်ရင် အစ်ကို ဖွင့်ကြည့်လို့ရပါတယ်"

"ကျေးဇူး"

ထန်ချူ့သည် လက်ဆောင်အား လက်ခံလိုက်ချိန်တွင် မသိစိတ်၏ စေ့ဆော်မှုဖြင့် နှုတ်ခမ်းနီတောင့်လေး ပါလာသည့် အိတ်လေးအား သူ့အနောက်ဘက်တွင် ဖွက်ထားလိုက်မိသည်။

ငါ သူ့ကို ပေးသိလို့ မဖြစ်ဘူး။ ငါ သူ့ကို မိန်းကလေးလို့ ထင်နေမှန်း သူသာသိသွားရင် သေချာပေါက် ဒေါသထွက်သွားမှာ..

သူ ဖျန့်ယွီကို ဒေါသထွက်သွားစေနိုင်တဲ့ ဘယ်ကိစ္စမဆို သေချာပေါက် ရှောင်ကြဉ်ရမယ်, ဖျန့်ယွီက သူ့အတွက်တော့ အရေးကြီးဆုံး သူငယ်ချင်းလေ..

တကယ်တော့ သူ့မှာ တခြားသော 'သူငယ်ချင်း' ဟူ၍ မရှိလေရာ 'အရေးကြီးဆုံး' ဟူသည့် ဝေါဟာရအား တကူးတကကြီး သုံးနှုန်းစရာတော့ မလိုပါချေ။

"တက္ကစီငှားတဲ့နေရာက ဘေးမှာ ရှိတယ်, သွားကြရအောင်" 

လုလျန်ကွမ်းသည် ထန်ချူ့အား သူ၏ ခရီးဆောင်အိတ်လေးကို ကူသယ်ပေးချင်သည့် အမူအရာလေး ပြ၍လာလေသည်။

ထန်ချူ့သည် အလျင်အမြန် ပြော၍လာလေသည်။

"မလိုပါဘူး,  ကျွန်တော် ကိုယ့်ဘာသာကိုယ် သယ်လို့ရပါတယ်။ ကျေးဇူးတင်ပါတယ်"

"အကိုက ကျွန်တော့်ကို တစ်ခုခု ကူသယ်ပေးထားတော့, ကျွန်တော်လဲ အစ်ကို့ကို တစ်ခုခု ကူသယ်ပေးမှ ဖြစ်မှာပေါ့" 

လုလျန်ကွမ်းသည် သူ့ထံသို့ မျက်စိလေး တစ်ချက် မှိတ်ပြလိုက်ကာ ထန်ချူ့အား ငြင်းဆန်ခွင့် ဆက်မပေးတော့ဘဲ ခရီးဆောင်အိတ်၏ လက်ကိုင်အား ဆွဲယူလိုက်လေတော့သည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now