"အထင်လွဲတာတွေ ဖြေရှင်းဖို့အတွက် သူ့ နံပါတ်ကို လိုချင်တာလို့ မင်း မပြောခဲ့ဘူးလား?! မင်း အခု ဘာတွေ လျှောက်လုပ်နေတာလဲ? နှစ်သစ်ကူးတိုင်း ငါတို့ စာရေးသူတွေကို လက်ဆောင်ပစ္စည်း ပေးတဲ့အခါတိုင်း ကျူချုံရှန်းအတွက် အမြဲတမ်း အမေရိကား လိပ်စာကို ပို့ပေးရတာ! မင်း ပြသနာရှာဖို့ မဆုံးဖြတ်ခင် ငါတို့နဲ့ အရင် ဆွေးနွေးလို့ မရဘူးလား?"
ကျူကျန်သည် အခုလက်ရှိတွင် ဟိုတယ်အခန်း၌ ရှိနေပြီး အယ်ဒီတာချုပ်စွင်းဆီမှ လေလှိုင်းမှ တဆင့် အကြိမ်းအမောင်း ခံနေရခြင်း ဖြစ်ပေသည်။ သူသည်လည်း ယမ်းမီပုံကျလု နီးပါးပင် ဖြစ်သည်။ သို့ပေမဲ့ ယခု ကိစ္စမှာ သူ့အမှားဖြစ်မှန်း ရှင်းလင်းနေသည်ဖြစ်၍ သူ့မှာ အံကိုတင်းတင်းကြိတ်ကာ ဝန်ချတောင်းပန်ရုံသာ တတ်နိုင်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ်, အယ်ဒီတာချုပ်။ ကျွန်တော် တော်တော်လေးကို အဆင်အခြင်မဲ့သွားတယ်... ဒါပေမဲ့ အဲ့ဒီ ဖျန့်ယွီက ကျွန်တော့်အပေါ် တမင် ညစ်တာ! အဲ့ဒီတုန်းက သူက ဟယ်ကွမ်းထုံချန် ဆိုတာကို သေချာပေါက် ပြောလို့ရခဲ့သားနဲ့ ဒါပေမဲ့..."
"ငါ ဖင်ကြီးကိုပဲ ဒါပေမဲ့ လိုက်!"
အခုအချိန်အထိ ဆင်ခြေပေးဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ အယ်ဒီတာချုပ်စွင်းမှာ အယုတ္တအနန္တ စကားများ အလိုအလျောက် ပြောထွက်လာသည့်အထိ ဒေါသထွက်လာရသည်။
"သူက ကျူချုံရှန်းရဲ့ သူငယ်ချင်းဆိုတာ ဒီလောက်ထိ ရှင်းလင်းနေတဲ့ဟာ, မင်းသာ ကျူချုံရှန်းကို ညစ်ဖို့ မကြိုးစားရင် သူကရော မင်းကို ညစ်မှာတဲ့လား? ကျူချုံရှန်းကိုရော၊ ဟယ်ကွမ်းထုံချန်ကိုပါ သွားရှုပ်ရဲလောက်တဲ့အထိ မင်းကို ဘယ်သူက သတ္တိတွေ ပေးထားလဲ ဟမ်? သူတို့ နှစ်ယောက် တစ်နေ့စာ rewards က ရတဲ့ ပိုက်ဆံက မင်းရဲ့ စာအုပ်တစ်အုပ်လုံးက ရှာလို့ရတဲ့ ပမာဏနဲ့ ညီတယ်ကွ!"
ဒီစကားမှာ သွေးထွက်အောင်မှန်သည့် စကားဖြစ်ပေသည်။ စီးပွားရေး လောကတွင် မှန်သည် ၊ မှားသည်ဟူ၍ မရှိပါချေ။ အမြတ်အစွန်း များများရအောင် ကြံဆောင်ပေးနိုင်သူသည်လျှင် အဓိကဇာတ်ဆောင် ဖြစ်၍ ပံ့ပိုးမှုများအား ရရှိမည် ဖြစ်သည်။ ကျူချုံရှန်းမှာ သူ၏ အကျိုးအမြတ်များအား ဝက်ဆိုဘ်နှင့် ဆက်လက် ဝေမျှလိုခြင်း မရှိတော့သည့်အခါ ဝက်ဆိုက်ဘ် ဘက်မှ သူ့အား စောဒက များစွာ တက်ခဲ့ပြီး အေးတိအေးစက် ပြုမူဆက်ဆံခဲ့သည့် အပြင် ပရိုမိုးရှင်းအတွက် အရင်းအမြစ်များကိုလဲ နောက်ထပ် ပံ့ပိုးပေးခြင်း မရှိတော့ပါချေ။ သို့ပေမဲ့ သူတို့သည် ကျူချုံရှန်းအား ဘယ်သောအခါမှ နုတ်ထွက်သွားအထိ ပြုမူရန် မတွေးတောခဲ့ပါချေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျူချုံရှန်းမှာ ယခင်ကလောက် ဝက်ဆိုဘ်အတွက် အကျိုးအမြတ် မဖြစ်ထွန်းစေဘူးဆိုလျှင်တောင် တခြားသော စာရေးသူများ ပေးနိုင်သည်ထက် အလွန့်အလွန် များပြားနေဆဲပင် ဖြစ်သည်။
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...