ပထမထပ် ဧည့်ခန်းအတွင်းတွင်တော့ ထန်ချူ့၏ အိမ်ငှားနှစ်ဦးမှာ ဆိုဖာထက်တွင် ပူးကပ်စွာဖြင့် တွန့်လိမ်ခေါက်ကွေးနေကြသည့်အပြင် ခေါင်းချင်းမှီကာ လက်တော့ပ်ထက်တွင် ဂိမ်းတစ်ပွဲအား ကြည့်နေကြလေသည်။
"Chris!"
သူတို့နှစ်ဦးထဲမှ ရွှေအိုရောင် ဆံပင်နှင့် မျက်ဝန်းပြာများအား ပိုင်ဆိုင်ထားသည့် တစ်ယောက်သည် ထန်ချူ့အား ပထမဦးဆုံး သတိပြုမိသွားပြီး သူ့အား နွေးထွေးစွာဖြင့် နှုတ်ဆက်လာလေသည်။
"အတူတူကြည့်မလား?"
ထန်ချူ့သည် ခေါင်းကို ခါယမ်းပြလိုက်သည်။
"ရပါတယ်"
သူတို့၏ အိမ်ပိုင်ရှင်မှာ သူတို့ထက် နှစ်အနည်းငယ်မျှသာ ကြီးသော်လည်း သူသည် ကျော်ကြားသည့် အပန်းဖြေလုပ်ငန်းဆောင်တာများတွင်တော့ စိတ်ဝင်စားခဲလှပေသည်။ ထိုရွှေအိုရောင် ဆံပင်နှင့် မျက်ဝန်းပြာများ ပိုင်ရှင်အမျိုးသားသည် သူ့ပခုံးအား လုပ်ရိုးလုပ်စဉ်အတိုင်း တစ်ချက်တွန့်လိုက်ပြီး ဂိမ်းကိုသာ တဖန်အာရုံပြန်စိုက်လေတော့သည်။ ထိုအစား ဆိုဖာပေါ်တွင် ရှိနေသည့် နောက်ထပ် လူတစ်ယောက်က ထန်ချု့အား ခေါ်၍ လာလေသည်။ သူသည် အသက်နှစ်ဆယ် မပြည့်တတ်သေးဟုပင် ထင်မြင်ရပါသော တရုတ်လူငယ်လေး တစ်ယောက် ဖြစ်ပြီး သွယ်လျကာ ကျဉ်းမြောင်းလှပါသော ဇာမဏိမျက်ဝန်းတစ်စုံအား ပိုင်ဆိုင်ထားလေသည်။ သူ စကားပြောသည့်အခါ သူ၏ အသံနေအသံထားမှာ လေးတွဲ့ဟန်လေးဖြင့် အထက်စီးဆန်လှသည်။
"ကျွန်တော် ခင်ဗျားရဲ့ စာတွေကို ထမင်းစား စားပွဲမှာ တင်ထားပေးတယ်"
ထန်ချူ့သည် ခေါင်းညိတ်ပြလာသည်။ "ကျေးဇူး"
ရွှေအိုရောင်ဆံပင်နှင့် မျက်ဝန်းပြာ ပိုင်ရှင်မှာ မေး၍လာသည်။
"မင်းတို့တွေ ဘာတွေပြောနေကြတာလဲ?"
သူသည် ထန်ချူ့အား မေးမြန်းခြင်း မဟုတ်ဘဲ သူနှင့်အတူ ထိုင်နေသည့် တစ်ဖက်သူအား မေးခွန်းထုတ်ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ ပြောင်းရွေ့လာသည့် ပထမဆုံးနေ့မှာတင် ဒီတိတ်ဆိတ်လှသော အိမ်ပိုင်ရှင်မှာ သူသည် အင်္ဂလိပ်စာ မတော်ကြောင်း သူ့အား ပြောလာ၍ ဖြစ်သည်။ ကံကောင်းစွာဖြင့် ယခုအိမ်တွင် လက်ရှိနေထိုင်နေသည့် လင်လန်ဟု ခေါ်သည့် နောက်ထပ် အိမ်ငှားတစ်ယောက် ရှိနေခြင်းပင် ဖြစ်သည်။ ထိုလူငယ်လေးမှာ တရုတ်လူမျိုး ဖြစ်သော်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်လှပေရာ သူတို့သည် လျင်မြန်စွာပင် ရင်းနှီးကျွမ်းဝင်လာခဲ့တော့သည်။
ESTÁS LEYENDO
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...