Part 20 - ဟိုးအရင်ကတည်းက စာရေးသူတွေက တစ်ဦးပေါ် တစ်ဦး အထင်အမြင်သေးခဲ့ကြတယ်

2.4K 423 15
                                    

သူတို့သည် ပန်းခြံထဲ၌ တိုကိုရာကီ အတူစားကာ နေ့လယ်စာကိုပါ တပါတည်း စားသောက်ပြီးနောက် နှစ်ဦးသား စကားလေး တပြောပြောဖြင့် စာအုပ်ဆိုင်ဆီသို့ လျှောက်လာခဲ့ကြသည်။

ယနေ့ သူတို့ နှစ်ဦးသားမှာ ကျူချုံရှန်း၏ စာအုပ်များအား ကြည့်ရန် လာခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ်လဲ ကျူချုံရှန်း၏ လက်ရာများကို ကြည့်ရုံသာ ကြည့်ခဲ့ကြလေသည်။ လုလျန်ကွမ်းမှာ ဒီစာအုပ်များ စတင် ထုတ်ဝေဖြန့်ချီကတည်းက ဝယ်ယူထားပြီးသား ဖြစ်ပြီး ထန်ချူ့သည် ပြည်ပတွင် နေထိုင်သည် ဆိုငြားလည်း ထုတ်ဝေသူများက အမြဲတမ်းလိုလို ပုံနှိပ်ပြီးသား စာအုပ်များအား ပို့ပေးနေကျ ဖြစ်လေသည်။

နှစ်ဦးသားမှာ 'အနန္တစကြာဝဠာကြီး၏ ပိုးတုံးလုံးလေး တစ်ကောင်' ဆိုသော စာအုပ် အပြည့်ရှိနေသည့် စာအုပ်စင်ရှေ့တွင် ရပ်ကာ ဇာတ်လမ်းဇာတ်အိမ် အကြောင်း ဆွေးနွေးနေကြပါသော်လည်း နှစ်ဦးစလုံး၌ ဝယ်ယူရန်တော့ ဆန္ဒမရှိကြပါချေ။

ထို့နောက်တွင်တော့ သူတို့ နှစ်ဦးစလုံးသည် ဒီအတိုင်း လှည့်ပတ်ကြည့်ရှုရန်သာ ဆုံးဖြတ်ခဲ့ကြပြီး မကြာခဏဆိုသလို တစ်နေရာရာ၌ ရပ်တန့်ကာ သူတို့ အနား၌ တွေ့ရသမျှ စာအုပ်များအကြောင်း လွတ်လပ်စွာ ပြောဆိုဆွေးနွေးကြလေသည်။

ထန်ချူ့သည် စာအုပ်အတွင်း လှည့်ပတ်ကြည့်ရှုနေစဉ် လုလျန်ကွမ်းမှာတော့ တစ်ဖက်သူသည် စာအုပ်အကြောင်းနှင့် ပတ်သက်လာပါက မည်သည့် အမျိုးအစားကိုမဆို ချက်ကျလက်ကျနှင့် လွယ်လင့်တကူ ပြောဆိုနိုင်ကြောင်း သိရှိသွားရသည်။ နာမည်ကြီး ကျော်ကြားသည့် စာအုပ်မှ စ၍ လူသိနည်းသော စာအုပ်ပါမကျန်၊ ကုန်ကုန်ဆိုရလျှင် ရွက်ပုန်းသီး လက်ရာများ အကြောင်းကိုပါ စကားလုံးများအား ခရားရေလွှတ်သကဲ့သို့ အေးအေးလူလူ ပြောဆိုနိုင်လေသည်။

လုလျန်ကွမ်းမှာ သုန်းလင်တက္ကသိုလ်၏ ထူးချွန်ပြောင်မြောက်သည့် ဝိဇ္ဇာကျောင်းသားတစ်ယောက် ဖြစ်လေသည်။ သူသည် သူ၏ စာပေပိုင်းဆိုင်ရာ ဗဟုသုတနှင့် ဆည်းပူးလေ့လာမှုအား ယုံကြည်ချက်ရှိလေသည်။ သို့ပေမဲ့ ထန်ချူ့၏ အရှေ့တွင်တော့ သူသည် ဘဝ၌ ပထမဦးဆုံးအကြိမ်အဖြစ် တစ်ဖက်သူ၏ စာဖတ်နိုင်စွမ်းအား အံ့ဩဘနန်း ဖြစ်ရပြီး သူ၏ ဗဟုသုတနယ်ပယ်မှာလည်း တစ်ဖက်သူ၏ အရှိန်အဝါအောက်တွင် ဖိနှပ်ထားခြင်း ခံရလေသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Donde viven las historias. Descúbrelo ahora