Part 51 - အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ...

1.9K 372 3
                                    

"ကိုယ် စကားပြောလို့ မပြီးသေးဘူး"

သူတို့၏ ကားလေးမှာ ဆေးရုံကားပါကင်တွင် ရပ်တန့်သွားသည့် အချိန်၌ တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့သည့် လုလျန်ကွမ်းမှာ ရုတ်ချည်း ထပြောလာသည်။

ထန်ချူ့သည် တုံ့ပြန်ရန် အတွက် တစ်ခဏတာ အချိန်ယူလိုက်ရပြီး သူသည် ကြောင်ကြောင်အအလေး ပြန်မေးလာသည်။

"ဟမ်?"

"အဲ့ဒီ ဇာတ်လမ်းရဲ့ အဆုံးသတ်လေ"

လုလျန်ကွမ်းသည် ဆက်ပြောလာသည်။

"အကယ်၍ ဒီကျယ်ပြောလှတဲ့ စကြာဝဠာကြီးမှာ အဲ့လိုမျိုး ကမ္ဘာတစ်ခု တကယ် တည်ရှိခဲ့မယ် ဆိုရင် နောင်အနာဂါတ် မျိုးဆက်တွေထဲမှာ သူရဲကောင်းတစ်ဦး သေချာပေါက် ပေါ်ထွန််းလာပြီး လူသာမျိုး‌နွယ်ရဲ့ ကျိန်စာဆိုးကို သေချာပေါက် ဖျက်စီးပစ်နိုင်လိမ့်မယ်လို့ ကိုယ် သေချာပေါက် ယုံကြည်တယ်။ အဓိက ဇာတ်လိုက်ရဲ့ နောက်ဆုံးသော အားထုတ်မှုကလဲ အလဟဿ မဖြစ်သွားခဲ့ဘူး။ နှစ်တစ်ရာ ကြာပြီးလို့ဖြစ်ဖြစ်၊ နှစ်နှစ်ရာ ကြာပြီးလို့ ဖြစ်ဖြစ်, နောက်ဆုံး သူ့ရဲ့ အမည်နာမကို Chrysalis က သမိုင်းမှတ်တမ်းတွေကနေ ဖယ်ရှားပစ်ခဲ့ရင်တောင်, ဘယ်သူကမှ သူရဲ့ အတက်အကျများပြီး ကြီးကျယ်ခမ်းနားတဲ့ ဘဝသမိုင်းကို မမှတ်မိနိုင်တော့ရင်တောင်  သူ နောက်ဆုံး ကောက်ရိုးတစ်မျှင်အဖြစ် ချန်ရစ်ပေးခဲ့တဲ့ သူ့ရဲ့ အားထုတ်မှုက သူချစ်တဲ့ ကမ္ဘာကြီးအတွက် အဲ့ဒီသူရဲကောင်းကို ကယ်တင်ပေးပြီးတော့ အထက်ဘဝဂ်အထိ ချီးမြှင့်ဂုဏ်ပြုသံတွေ တသောသော ညံမယ့် တစ်နေ့ကို သေချာပေါက် ရောက်လာလိမ့်မယ်။ စိတ်ကူးယဉ် ဇာတ်လမ်းထဲမှာပဲ ဖြစ်ဖြစ်, တကယ့်လက်တွေ့မှာပဲ ဖြစ်ဖြစ် ကိုယ်တို့တွေကို ဝါးမျိုထားတဲ့ အမှောင်ထု ဆိုတာ ရှိစမြဲ ပါပဲ။ ဒါပေမဲ့ ထန်ချူ့"

မိုးခြိမ်းသံ တစ်ခုမှာ မြည်ဟီး၍ လာလေသည်။ နားစည်အား အူလှိုက်သွားစေသည့် အသံနောက်တွင်တော့ ကမ္ဘာကြီးမှာ နေ့ဘက်အလား လင်းလက်၍ သွားသည်။ ထိုအချိန် ခဏတာ လေးမှာပဲ လုလျန်ကွမ်း၏ မျက်ဝန်းများအတွင်းမှ တောက်လောင်ပြင်းပြနေသည့်  စိတ်ခွန်အားတို့အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသည် ထန်ချူ့၏ လက်ကောက်ဝတ်လေးအား တင်းကြပ်စွာ ဆုပ်ကိုင်ကာ တည်ကြည်ပြတ်သားစွာ ပြော၍လာသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now