Part 40 - မင်းအတွက် ကြိုးစားပါ့မယ်...

2.3K 426 30
                                    

"မင်း ဝန်ခံလိုက်တယ်၊ ပြီးတော့ ဘာဆက်ဖြစ်လဲ? မင်း ဘာလို့ ကျောင်းကို ပြန်လာရတာလဲ?"

ဟော့မြောင်သည် ကီးဘုတ်ထက်တွင် ပြေးလွှားနေသည့် သူ့လက်ချောင်းများအား ခဏတာ အနားပေးလိုက်ပြီး လုလျန်ကွမ်း၏ မျက်နှာအမူအရာအား စေ့စေ့စပ်စပ် အကဲခတ် ကြည့်ရှုရန်အတွက် ခေါင်းလှည့်လာလေသည်။ 

"မင်း ငြင်းခံထိခဲ့တာလား?"

"ဖြစ်စရာလား"

လုလျန်ကွမ်းသည် ခေါင်းကို မော့ ၊ ရင်ကိုကော့ကာဖြင့် ကြေညာချက် ထုတ်ပြန်လာလေသည်။

"ငါက အခု သူ့ကို တရားဝင် လိုက်ပြီးပိုးပန်းနေတာလေ!"

ဟော့မြောင်မှာ သဘောရိုးဖြင့် မေး၍လာသည်။ 

"အဲ့တာဆိုရင်လဲ မင်း တစ်လလုံးလုံး ကိုယ့်ကိုကိုယ် ဘာလို့ ညှင်းပန်း နှိပ်စက်နေတာတုန်း?"

"အခုက မတူတော့ဘူးလေ"

လုလျန်ကွမ်းသည် ပြော၍လာသည်။

"အစတုန်းက ငါ ဘာနောင်တမှ မရချင်ခဲ့ဘူး။ အခုကတော့ ငါ သူ့ကို ပေါ်ပေါ်ထင်ထင် လိုက်လို့ရပြီ"

"ဂုဏ်ပြုပါတယ်, ဂုဏ်ပြုပါတယ်။ မင်းရဲ့ လူပျိုရည်လေး အနှေးနဲ့ အမြန် ပျက်ပါစေလို့ ဆုတောင်းပေးပါတယ်"

ဟော့မြောင်မှာ ဝတ်ကျေတန်းကျေ ပြောလိုက်ကာ တစ်ဖက်သူမှာ အသည်းဗြန်းဗြန်းကွဲကာ နှစ်သိမ့်ပေးပါရန် လိုအပ်သည့် အခြေအနေ မဟုတ်နေသဖြင့် သူသည် ကွန်ပျူတာ ဖန်သားပြင်ကိုသာ အာရုံပြန်စိုက်လိုက်လေတော့သည်။

လုလျန်ကွမ်းသည် သူ့နံဘေးရှိ စားပွဲခုံထက်တွင် နေရာယူလိုက်သည်။ သူသည် ကွန်ပျူတာအား ဖွင့်နေရင်းဖြင့် ဘာရယ်မဟုတ် ပြောလိုက်မိသည်။

"မင်း ပြောပုံက မင်းက လူပျိုရည်ပျက် ပြီးတာကြလို့"

"ငါ ပျက်ပြီးပြီလေ"

လေထုမှာ လုံးဝကြီး တိတ်ဆိတ်သွားရသည်။ ခဏအကြာမှသာ ဟော့မြောင်သည် တစ်ခုခု မူမမှန်ကြောင်း ရိပ်မိသွားလေသည်။ သူသည် ခေါင်းအား လှည့်ကာ ကြည့်လိုက်သည့်အခါ အကြီးအကျယ် ထိတ်လန့် မှင်သက်နေသည့် လုလျန်ကွမ်း၏ မျက်နှာကြီးအား မြင်လိုက်ရလေသည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now