Hello အားလုံးပဲ။
ကိုယ် ရွေးထားတဲ့ ဇာတ်လမ်းအသစ်လေး အကြောင်း လာပြီး ကြေညာဝင်တာပါ။
ဘာ Drama မှ မပါတာမျိုး၊ Toxic ဆန်တာတွေ မဖတ်ချင်တာမျိုး ဒါမှမဟုတ် တငြိမ့်ငြိမ့် ဇာတ်လမ်းလေးတွေကို ဖတ်ချင်တာမျိုး ဆိုရင်တော့ ဒီဇာတ်လမ်းက ကွက်တိကျမယ်လို့ ထင်ပါတယ်။
ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက် အသက်သုံးဆယ်ပတ်လည် လူလတ်ပိုင်းတွေ ဖြစ်လို့ သူတို့ရဲ့ တွေးပုံခေါ်ပုံတွေနဲ့ ဇာတ်လမ်း အသွားအလာတွေက ရင့်ကျက်ပြီး လူကြီးဆန်တဲ့ဘက် ရောက်ပါတယ်။
ဒါကြောင့် ကလိကလိ ရင်ခုန်ရတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဖြေးဖြေးအေးအေးလေး စီးမြောရမယ့် ပုံစံမျိုးလေးပါ။
လုံးဝအကျင့်စရိုက်ခြင်း မတူတဲ့ လူနှစ်ယောက်ရဲ့ ကြားထဲမှာ ချစ်ခြင်း မေတ္တာက ဘယ်လို ပေါ်ပေါက်လာမလဲ? , သူတို့ နှစ်ယောက်ကြားက ဒီ ပတ်သက်မှုကို ဘယ်လိုဘယ်ပုံစံနဲ့ တစ်ဦးကို တစ်ဦးဖေးမရင်း ခရီးဆက်ကြမလဲ ဆိုတဲ့ အကြောင်းလေးကို ရိုးရိုးရှင်းရှင်းလေး ပုံဖော်ထားတာပါ။
ကိုယ်လဲ အဆုံးအထိတော့ မဖတ်ရသေးပေမဲ့ အခု ဖတ်ပြီးတဲ့လောက်အထိကို Healing ဖြစ်စေတဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်လမ်းလေးပါ။
အားလုံးလဲ ကိုယ့်အကြိုက်နဲ့ ကိုက်ညီတယ်ဆိုရင် ကိုယ့် wall ထဲကို ဝင်ပြီး ဖတ်ကြည့်လိုက်ရပါတယ်နော်...
ဇာတ်လမ်းနာမည်ကတော့ No Ghosting Allowed ပါ...
BẠN ĐANG ĐỌC
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Lãng mạnကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...