Extra 3

1.6K 252 20
                                    

လုလျန်ကွမ်းမှာ ဟော့မြောင်တစ်ယောက် ဘာရယ်ကြောင့်များ ယိုဟုန်ကျီအပေါ် ဒီလောက်တောင် အလွတ်မပေးနိုင်ဖြစ်နေမှန်း  နားမလည်နိုင်ပါချေ။ အမှန်တကယ်တော့ သူသည် ထိုပြသနာအား နောင်သုံးနှစ်ကြာသည်အထိ အဖြေမထုတ်နိုင်ခဲ့ပါချေ။

စာသင်နှစ်၏ ဒုတိယနှစ်ဝက် အဆုံးတွင်တော့ ယိုဟုန်ကျီ၏ ဂိမ်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် စတင် ဆော့ကစား၍ ရပြီ ဖြစ်လေသည်။ အစမ်းသရုပ်ပြမှုပွဲတွင် ဟော့မြောင်မှာ နေရာတစ်နေရာ ရစေရန်အတွက်ပင်  ကျားကုတ်ကျားခဲ အားထုတ်ခဲ့သေးသည်။ သူ့စကားဖြင့် ဆိုရသော် သူသည် ထိုခုံတစ်နေရာလေး ရနိုင်ဖို့အရေး ပရိုဂရမ်တစ်ခုလုံးအား ရေးဆွဲလုနီးပါပေ။ 

"မင်း သူ့ကို မုန်းနေတာ မဟုတ်ဘူးလား?"

လုလျန်ကွမ်းမှာ နားဝေတိမ်တောင်ဖြစ်ဟန်ဖြင့် မေးလာသည်။

"အကယ်၍ ငါသာ စာရေးသူတစ်ယောက်ကို မုန်းပြီ ဆိုရင် သူ စာအုပ်အသစ်ထုတ်တဲ့အချိန် တကူးတကကြီး ဝယ်ဖတ်နေမှာ မဟုတ်ဘူး"

"ပထမဆုံးအနေနဲ့ ပြောရရင် ငါက game development ပိုင်း မဟုတ်ဘဲ information security ပိုင်းကို လေ့လာနေတာကွာ။ ငါတို့ နှစ်ယောက်က တစ်ဌာနတည်းဆိုပေမဲ့ ငါတို့ နှစ်ယောက်ရဲ့ မေဂျာတွေကတော့ အလယ်မှာ သင်္ချိုင်းကုန်း သုံးဆယ့်ရှစ်ခုလောက် ခြားနေတာ။ အဲ့တာကြောင့် ငါတို့ကြားမှာ ဘာမှ ပြိုင်နေဆိုင်နေစရာမလိုဘူး"

ဟော့မြောင်သည် ဂိမ်း၏ beta ဗားရှင်းအား install လုပ်နေသည့် progress bar လေးအား ကြည့်ကာ အတည်ပေါက်ကြီး ပြော၍နေသည်။

"ဒုတိယအနေနဲ့ သေချာပေါက် သူ့လိုမျိုး ဘဝင်လေဟပ်နေတဲ့လူမျိုးက ဂိမ်းကောင်းတစ်ခုကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ငါက ဒီအတိုင်း data တွေကို ရထားချင်ရုံပဲ, ဒါမှ သူ့ကို နောက်ကျရင် အသေလှောင်လို့ ရမှာ။ ငါ သူ့ကို သေချာပေါက် မုန်းတာပေါ့၊ သူက ငါ့အတွက်တော့ စိတ်ရှုပ်စရာအကောင်းဆုံး လူနှစ်ယောက်တည်းမှာ နံပါတ်နှစ် ချိတ်နေတာ"

လုလျန်ကွမ်းသည် သိလိုစိတ်အပြည့်ဖြင့် မေးလာသည်။

"ဒါဆို ဘယ်သူက နံပါတ်တစ်လဲ?"

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now