ဖက်ထုပ်ကြော်မှာ အယ်ဒီတာဌာန၏ တံခါးအား ဖွင့်ကာ ဝင်လိုက်ချိန်တွင် လူတိုင်းမှာ ဖုတ်ပူမီးတိုက် အလုပ်လုပ်နေရသော်လည်း အသံလေး တစ်စပင် မထွက်မိစေရန် ကြိုးပမ်းနေကြသည်။ မည်သူကမှ အသံတစ်ချက်ပင် မပြုရဲဘဲ အလုပ်ထဲတွင်သာ ခေါင်းနစ်ထားကြလေသည်။
သူမသည် သူမ၏ ထိုင်ခုံတွင် နေရာယူကာ ကွန်ပျူတာအား ဖွင့်လိုက်ပြီး ထို့နောက်တွင်တော့ သူမ၏ နံဘေးတွင် ထိုင်နေသည့် အယ်ဒီတာ အား အသံတိုးတိုးဖြင့် မေးလိုက်လေသည်။
"ဘာလို့ လူတိုင်းက တိတ်နေရတာလဲ?"
"အခုလေးတင် အမျိုးသမီးချန်နယ်လ်က အယ်ဒီတာ တစ်ယောက်က ရယ်မိလိုက်လို့ အယ်ဒီတာချုပ်စွင်းဆီကနေ ငိုတဲ့အထိ ပစ်ပစ်နှစ်နှစ် အပြောခံလိုက်ရတယ်"
ထိုအယ်ဒီတာမှာ အလွန်သတိတကြီးထားသည့် အမူအရာဖြင့် ခပ်တိုးတိုး ပြန်ပြောလာသည်။
"အခုလို အထိမခံနိုင်တဲ့ အချိန်မျိုးမှာ သူ့ကို စိတ်မဆိုးစေနဲ့။ ကြည့်ရတာ အယ်ဒီတာချုပ်စွင်းက Pen Nib ရဲ့ အဓိက ရှယ်ယာရှင်တွေထဲမှာ ပါတယ်နဲ့ တူတယ်။ နတ်ဘုရားကျူက တကယ်ကို နှလုံးသားမရှိတာပဲ, သူက အရင်က ခင်မင်မှုတွေကိုတောင် မထောက်ထားတော့ဘူး၊ သူက တကယ်ကို ရက်ရက်စက်စက် တစ်ချက်တည်းနဲ့ အလဲထိုးပစ်လိုက်တာ"
ဖက်ထုပ်ကြော်မှာ နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်ကာ သူမဘာသာ သူမ တွေးလိုက်လေသည်။
ဘာကို အရင်က ခင်မင်မှုလဲ?
တခြားသူများ မသိလောက်သော်လည်း, ကျူချုံရှန်း၏ တာဝန်ခံ အယ်ဒီတာတစ်ယောက် အဖြစ် သူမသည် လွန်ခဲ့သည့် နှစ်ပေါင်းအတွင်း Pen Nib နှင့် ကျူချုံရှန်းကြားရှိ ပြသနာအား ကောင်းစွာ သတိထားမိလေသည်။ အတိတ်ကာလက ခင်မင်မှု ဆိုတာကို ခဏထား, Pen Nib ဘက်မှ ကျူချုံရှန်းအား ကပြက်ကချော် ဆက်ဆံနေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်လေသည်။ မဟုတ်လျှင်, ထိုနှစ်က သူတို့သည် ကျူချုံရှန်းအား သူမလို အခုလေးတင် ဒီနယ်ပယ်အတွင်းသို့ ဝင်ရောက်လာသည့် ဘာ အတွေ့အကြုံ, ဘာအရင်းအမြစ်မှ မရှိသည့် အယ်ဒီတာ အသစ်လေးထံသို့ လွှဲပြောင်းပေးလိုက်မည် မဟုတ်။
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...