Part 59 - ခွဲခွာရခြင်းက နှလုံးသားထဲက ချစ်စိတ်ကို ပိုပြီး ကြီးထွားစေသတဲ့...

2.3K 372 6
                                    

ထန်ချူ့သည် ထွက်မပြေးနိုင်ရုံမကဘဲ လုလျန်ကွမ်း၏ မူမမှန်သည့် အပြုအမူကာ စိတ်တလှုပ်တရှား စောင့်ဆိုင်းနေကြသည့် အာရုံအား ဆွဲဆောင်နိုင်သွားလေတော့သည်။ လူတော်တော်များများ သူတို့၏ ဖုန်းအား ကိုင်မြှောက်လာကြသည်အား မြင်လိုက်ရသည့်အခါ လုလျန်ကွမ်းသည် လက်တစ်ဖက်အား သုံး၍ ထန်ချူ့၏ ဦးထုပ်လျှာလေးအား ဆွဲချလိုက်ပြီး ထိုသူ၏ ပခုံးအား သိုင်းဖက်ကာ စားပွဲအနောက်ဘက်သို့ ဆွဲခေါ်သွားလေတော့သည်။ ထိုနေရာသည်အား စကားပြောကောင်းသည့် နေရာမဟုတ်လေရာ သူသည် ခပ်တိုးတိုးပင် ဆိုလာလေသည်။

"ကိုယ့်ကို ဒီမှာ ခဏလောက် စောင့်နေပေးနော်။ လူအများကြီး မကျန်တော့ပါဘူး"

ထန်ချူ့မှာ မူလက တစ်ဖက်သူအား မောင်းထုတ်ကာဖြင့် သူ့ဘာသာသူ ကားပါကင်သို့ ပြန်ကာ စောင့်ဆိုင်းနိုင်ကြောင်း ပြောလိုခဲ့သည်။ သို့ပေမဲ့ သူသည် မဒမ်လုမှာ ဒီနေရာမှာ ရှိနေကြောင်း သတိရသွားပြီး အစောလေးကတင် သူ သူမအား စကားပြောသည့် ပုံစံအား အနည်းငယ် ရိုင်းပြခဲ့သောကြောင့် တတ်နိုင်သမျှ မြန်မြန် အကျိုးသင့်အကြောင်းသင့် ရှင်းပြမှ ဖြစ်ပေတော့မည်။ ထို့ကြောင့် သူသည် ခေါင်းတစ်ချက် ညိတ်ကာဖြင့် သဘောတူ လက်ခံလိုက်လေသည်။

လုလျန်ကွမ်းသည် ဝန်ထမ်းကတ်လေး ဝတ်ဆင်ထားသည့်  လူတစ်ယောက်အား အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။

"ရှောင်လီ, သူ့ကို စင်အနောက်ဘက်ကို ပို့ပေးလို့ ရမလား?"

"ရတာပေါ့, ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"

မျိုးရိုးနာမည် လီ နှင့် ဝန်ထမ်းလေးမှာ ချက်ချင်းပင် ပြော၍လာသည်။ သူသည် ချိုချဉ်ကြော် စတူဒီယို၏ ဝန်ထမ်းတစ်ယောက် ဖြစ်လေသည်။ အမှန်တကယ်တော့ တာဝန်ရှိသူမှ အပ စင်အနောက်ဘက်သို့ ဝင်ခွင့်မရှိသော်လည်း သူတို့၏ ဘော့စ်ဖြစ်သည့် လုလျန်ကွမ်း ကိုယ်တိုင် ညွှန်ကြားလာသည် ဖြစ်၍ ပြသနာ မရှိနိုင်ပါချေ... 

သူသည် တစ်ဖက်သူအား အမှတ်မထင် ကြည့်လိုက်ပြီးသည့်နောက်တွင်တော့ သူ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားရသည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ