Part 13 - သူနဲ့ မနက်ဖြန် ဆုံနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားပါ့မယ်

2.5K 415 13
                                    

လုလျန်ကွမ်းသည် တိုကိုရာကီ နှစ်ဘူးအား ကိုင်ဆောင်ကာ အဆောင်မပိတ်ခင် လက်မတင်အချိန်လေး၌ ပြန်ရောက်လာခဲ့သည်။

ဟော့မြောင် ဂိမ်းမကစားဘဲ ရှိနေသော ဖြစ်ရပ်မှာ လွန်စွာ ကြုံတောင့်ကြုံခဲလှပေသည်။  ကွန်ပျူတာ ဖန်သားပြင်ထက်တွင် software development tool တစ်ခုအား ဖွင့်၍ ထားပြီး လုလျန်ကွမ်းမှာ တစ်ဝက်တစ်ပျက် ဖြည့်ထားသော code အား မြင်လိုက်ရသည့်အခါ ဟတ်ထိသွားသည့် ဟန်ဖြင့် ဆိုလာသည်။

"စန်းရွှေ , မင်း နောက်ဆုံးတော့ မင်းအလုပ်က ဘာလဲဆိုတာ ပြန်သတိရပြီပေါ့"

"အဲ့တာက ဂိမ်းကစားတာလေ"

ဟော့မြောင်သည် ဦးတည်ချက် ခိုင်မာစွာဖြင့် ပေး၍ လာသည်။

"စိတ်ပြေလက်ပျောက် အလုပ်လေး အနေနဲ့တော့ information security ပိုင်းနဲ့  software development ပိုင်းအတွက် ပရိုဂရမ် ဆွဲပေးတယ်လေ.."

ဟော့မြောင်မှာ ယခုလို စကားမျိုးအား သူတို့၏ အဆောင်ခန်းအတွင်း လုလျန်ကွမ်းတစ်ယောက်ထဲ ကိုသာ ပြောရဲ ခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ တခြားတစ်နေရာမှာ ပြောမိပါက သူ၏ အတန်းဖော်များ အယုတ္တ အနတ္တ စကားမျိုးစုံဖြင့် ထောပနာပြုသည်အား ခံရမှာ ကြာပြီ ဖြစ်သည်။

ဟော့မြောင်မှာ ကလေးမျက်နှာလေးဖြင့် အန္တရာယ်ကင်းသည့် အရှိန်အဝါလေး ရှိနေသော်လည်း သူသည် သုန်းလင် တက္ကသိုလ်၊ ကွန်ပျူတာ ဌာန၏ ထိပ်တန်းကျောင်းသား တစ်ယောက်ဖြစ်ပြီး တစ်ဌာနလုံးက သူ့အား 'နတ်ဘုရား စန်းရွှေ' ဟူ၍ အမည်နာမပင် ပေးထားကြသေးသည်။ 

သူသည် ကျောင်းဝင်ခွင့်ရပြီး ပထမနှစ် စတက်သည့်အချိန်မှာပင် သူသည် ကျောင်းက အဆောင်ပိတ်ချိန်အား ရှေ့တိုးလိုက်သည်အား မကျေမနပ် ဖြစ်ရလေတကား ကျောင်းဝက်ဆိုဘ်အား တစ်ပတ်တိုင်တိုင် hack ခဲ့လေသည်။ 

ထိုအဖြစ်အပျက်မှာ သုန်းလင်၏ မြို့တွင်းသတင်းစာ၌ပင် ဖော်ပြခြင်းခံခဲ့ရ၍ ကျောင်းတွင်း၌လဲ အတော်လေး ကျွတ်ကျွတ်ညံစေခဲ့သည်။

သေချာပေါက် ယနေ့အထိ ထိုကိစ္စ၏ လက်သည်တရားခံအား ရှာမတွေ့သေးကြပါချေ။ လုလျန်ကွမ်း တစ်ယောက်တည်းကသာ အနှီ သူရဲကောင်းကြီးသည် သူ့အခန်းဖော် ဖြစ်နေမှန်း သိနေခြင်း ဖြစ်လေသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now