Part 47 - စားပွဲခုံအောက်တွင် တိုးတိုးတိတ်တိတ် ထိတွေ့ရသည့် ပျော်ရွှင်မှု

2.1K 372 14
                                    

နောက်ဆုံးတွင်တော့ ဟော့မြောင်သည် အချိန်ခဏတာ ဆွဲထားနိုင်ခဲ့သည်။

တချို့သော အကြောင်းပြချက်ကြောင့် သူသည် 'သူ့အခန်းဖော်ဖြစ်သူမှာ ချစ်သူရရှိသွားပြီး ဖြစ်ရာ သူ့အခန်းဖော်၏ ချစ်သူ၏ ကောင်လေးမှာ သူ့အား ထမင်းတစ်နပ် ဝယ်ကျွေးချင်ကြောင်း' အမှန် အတိုင်း ဝန်ခံလိုက်ရလေတော့သည်။

သူ့အား နဂိုမူလက အလွှတ်ပေးရန် ဆန္ဒမရှိခဲ့သည့် ယိုဟုန်ကျစ်မှာ သူ့အား မျက်လုံးဝင့်ကာ ကြည့်လိုက်ပြီး ရုတ်တရက် မေးလာသည်။

"မင်း အခန်းဖော်မှာ ချစ်သူ ရှိပြီလားပေါ့လေ?"

"ဟုတ်တယ်, သူတို့က သိပ်မကြာသေးခင်ကပဲ တွဲလိုက်တာ"

ဟော့မြောင်မှာ ဒေါသတကြီး ပုံချလာတော့သည်။

"သူက တကယ်လွန်တာ! ကျွန်တော် ဒီနေ့ တစ်နေကုန် မောမောပန်းပန်း အလုပ်ပြီးတော့ အဆောင်မှာ နောက်ဆုံးတော့ နားနိုင်ပြီလို့ ထင်ထားတာ၊ နောက်ဆုံးတော့ ကျွန်တော် တစ်စက်ကလေးတောင် မနားရဘဲနဲ့ သူ့ရဲ့ အချစ်ရေးအချစ်ရာ ဘဝအကြောင်း တစ်နာရီလုံး မရပ်မနား ကြွားတာကို ထိုင်နားထောင်နေရသေးတယ်! ကျွန်တော် ကိုယ့်ကိုကိုယ် ရူးသွားပြီလို့တောင် ထင်ထားတာ... ဒါနဲ့ ကျွန်တော်က သွားရမှာလား , မသွားရဘူးလား? မသွားရဘူးဆိုရင်လဲ ကျွန်တော် သူ့ကို ကြိုပြောထားရမှာ"

"ဒါဆိုလဲ သွား"

ယိုဟုန်ကျီမှာ ပြန်ပြော၍လာသည်။ 

"ဟမ်?"

ဟော့မြောင်မှာ ယိုဟုန်ကျီအား သံသယဖြစ်ဟန်ဖြင့် ကြည့်လာသည်။ သူ့ပုံစံမှာ နဂိုကတည်းအတိုင်း အေးစက်နေသော်လည်း တချို့အရာများကြောင့် ဟော့မြောင်မှာ ထိုသူသည် စိတ်အခြေအနေ ပိုကောင်းလာကြောင်း ခံစားမိလေသည်။

"ခင်ဗျား ဘယ်တုန်းကစပြီး အကျိုးအကြောင်း ဆီလျော်သွားတာလဲ?"

"ငါက ဘယ်တုန်းကများ အကျိုးအကြောင်း မဆီလျော်ဘူးလို့လဲ?"

ဟော့မြောင် : "..."

 သူသည် ယိုဟုန်ကျီအား အနိုင်ပိုင်းရန် အလားအလာ မရှိလေရာ ထိုသူနှင့် အတိုက်အခံ ပြန်ပြောရန် အကြံအစည်အား လက်လျော့လေတော့သည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now