Part 52 - ကျွန်တော့်ရဲ့ ဟင်းချက်စွမ်းရည်က အတော်လေးကို ကောင်းပါတယ်

2K 352 17
                                    

သူတို့သည် တစ်ညလုံး ပြေးလွှားနေခဲ့ရတာ ဖြစ်၍ အိမ်သို့ ပြန်ရောက်သည့် အချိန်၌ နှစ်ဦးသားမှာ အတော်လေး ခြေကုန်လက်ပန်းကျနှင့်နေပြီ ဖြစ်လေသည်။ လုလျန်ကွမ်းမှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ အနည်းငယ် တောင့်တင်းသန်မာပြီး မကြာမကြာ ညလုံးပေါက် နေတတ်သောကြောင့် အနည်းငယ် အဆင်ပြေပါသေးသည်။ သို့ပေမဲ့ ထန်ချူ့မှာတော့ စာအုပ်ကြီးအတိုင်း အအိပ်၊အစားအား အတိအကျ ဆောင်ရွက်တတ်သူ ဖြစ်လေသည်။ သို့ဖြစ်၍ ရေကမန်းကတန်း ချိုးပြီးသည့်နောက်တွင် သူသည် ပင်ပန်းလွန်း၍ မတ်မတ်ပင် မရပ်နိုင်တော့ပါချေ။ သူသည် အိပ်ရာထက်တွင် လဲလျောင်း၍ လုလျန်ကွမ်းအား ရေချိုးပြီးသည့် အချိန်အား ဇွဲတင်းကာ စောင့်ဆိုင်း၍ နေလေသည်။ ထို့နောက်တွင်တော့ သူသည် တစ်ဖက်သူ၏ ယုယဖက်ထွေးမှုအား ကွေးကွေးကလေး ခံယူကာ မောမောပန်းပန်း အိပ်မောကျသွားလေသည်။ 

သို့ပေမဲ့ အလုပ်တိုင်းက စာရေးသူများကဲ့သို့ လိုအပ်သလို အလုပ်ချိန်အား ရွေ့ပြောင်းနိုင်သည့် မဟုတ်ပါချေ။ လုလျန်ကွမ်းနှင့် ထန်ချူ့မှာ နွေးထွေးလှသော စောင်အောက်တွင် တစ်ဦးလက်မောင်းအား တစ်ဦး မှီ၍ အိပ်မောကျနေစဉ်တွင် သူတို့ အလွှာ၌ ရပ်နေသာ ဓာတ်လှေကားလေးမှာ ရုံးချိန် မနက် ၉, ညနေ ၅ အထိ လုပ်ကိုင်ရသည့် ခရီးနှစ်ယောက်အား သွားကြိုရန် နှစ်လွှာထပ်၍ တက်သွားလေတော့သည်။

"ခင်ဗျားကို မနက်စောစောကြီး သောက်သားရဲကောင်ကြီးလို မလုပ်ပါနဲ့လို့ ကျွန်တော် ပြောခဲ့သားပဲ။ ခင်ဗျားဘာသာ ခင်ဗျား ရေချိုးခန်းထဲတွင် ဝင်ပြီး ဖြေရှင်းလိုက်လို့ မရဘူးလား? အခုမှ ကျွန်တော့်ကို နောက်ကျလို့ဆိုပြီး အပြစ်လာတင်နေတာတုန်း?"

ယိုဟုန်ကျီမှာ ဓာတ်လှေကားအတွင်းရှိ မှန်အား ကြည့်ရင်းဖြင့် သူ၏ နက်ကတိုင်အား လက်တစ်ဖက်ကို သုံးကာ ပြန်ပြင်နေသည်။ သူသည် တစ်ဖက်သူ စကားအား ကြားသည့်အခါ တည်ငြိမ်စွာဖြင့် ပြန်ပြောလာသည်။

"မင်းသာ ဒုတိယအချီ သွားဖို့ မတောင်းဆိုဘူးဆိုရင် အခုဆို ငါတို့ ကုမ္ပဏီ ရောက်နေလောက်ပြီ? အခု ငါတစ်ယောက်တည်း အပြစ်တဲ့လား?"

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Donde viven las historias. Descúbrelo ahora