Part 34 - ဝါးပင်ဆီက 'ချူ့' ဆိုတဲ့ စကားလုံး

2.1K 436 24
                                    

နေ့နှင့်ညမှားကာ ကျင်လည်နေပြီး တစ်နှစ်ပတ်လုံး ကွန်ပျူတာနှင့် အဆက်မပြတ် အလုပ်လုပ်နေရသည့် လူတစ်ယောက်အနေဖြင့် ဟော့မြောင်အတွက် ပုံမှန်အချိန်၌ အိပ်စက်သည်ဟူသော နေ့မှာ ရှားပါးလွန်းလှပေသည်။ 

သူသည် အခန်းမီးမှိတ်လိုက်ပြီး ခေါင်းချကာ မအိပ်စက်ရသေးခင်မှာပင် အဆောင်အခန်းတံခါးမှာ အပြင်ဘက်မှ တွန်းဖွင့်ခြင်း ခံလိုက်ရလေသည်။ 

ဟော့မြောင်မှာ ဒေါသတကြီးဖြင့် အိပ်ရာထက်မှ ခုန်ထွက်လာလိုက်သည်။ သူသည် သူ၏ ဖုန်းအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း အော်ဟစ်လာလေသည်။

"ဘယ်သူလဲကွ! ငါ သတိပေးနေတယ်နော် , ဒါက သုန်းလင်တက္ကသိုလ်ရဲ့ ချန်ရှို့အဆောင်နော် , ရုတ်ရုတ်လာလုပ်ဖို့ မကြံ..."

'ကလစ်' ဟူသည့် အသံနှင့် အခန်းတံခါးမှာ ပွင့်သွားပြီး အခန်းတစ်ခန်းလုံး လင်းကျင်းလာခဲ့သည်။ အခန်းတံခါးတွင် တောင်တက်လွယ်အိတ်ကြီး လွယ်ကာ ငုတ်တုတ်ကြီး ရပ်နေသော လုလျန်ကွမ်းမှာ အခန်းဖော်ဖြစ်သူအား စိတ်မနှံ့သောအရူးအား စိုးရိမ်ပူပင်နေသည့်အနှယ် စိုက်ကြည့်၍ လာလေသည်။ 

"ငါ မဟုတ်ရင် အခန်းထဲကို ဘယ်သူ ဝင်လာလို့ ရဦးမှာလဲ? ငါ အပြင်မှာ ၂ရက်ကလေး နေလိုက်ပါတယ်၊ မင်းက အခန်းဖော်ကိုတောင် မေ့သွားပြီပေါ့လေ"

"အို... မင်း ဖြစ်နေတာပဲ"

တစ်ဖက်သူမှာ မည်သူမည်ဝါ ဖြစ်မှန်း သိရှိသွားပြီးသည့်အခါ အိပ်ရာထက်သို့ ပြန်လှဲချလိုက်ပြီး သူ၏ နဂို ပျင်းတိပျင်းရွဲ ဆန်မုန့်လုံးအဖြစ် ပြန်ပြောင်းလဲသွားလေသည်။

"မင်း ဘာလို့ ဒီအချိန်ကြီး ပြန်ရောက်လာတာလဲ၊ မင်း မနက်ဖြန်မှ ပြန်လာမယ်ဆိုပြီး ပြောထားတာ မဟုတ်လား?"

"ငါ စိတ်တည်ငြိမ်အောင် လုပ်ဖို့ ပြန်လာတာ။ ငါ စိတ်တွေ တအား တက်ကြွနေလို့ ငါ အဲ့ဒီမှာ နေရင် ဒီနေ့ တစ်ညလုံး အိပ်ပျော်လိမ့်မှာ မဟုတ်ဘူး"

"ဘာလို့ မင်းက မအိပ်ပျော်တာတုန်း?"

လုလျန်ကွမ်း၏ စိတ်အခြေအနေမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေသော်လည်း သူသည် တည်ကြည်လေးနက်စွာဖြင့် ပြော၍လာသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now