Extra 5

1.2K 212 15
                                    

Warning: Mature Content!

Read at your own risk!!

ညသန်းခေါင်အချိန် သုန်းလင်တက္ကသိုလ် မြောက်ဘက်ဂိတ်၏ အပြင်ဘက်၊ ကားပါကင်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် လမ်းကလေး၏ အဆုံးတွင် 'တိုကိုရာကီ' ဟု ဆိုင်းဘုတ်တပ်ထားသည့် ဆိုင်သေးသေးလေး တစ်ဆိုင်ရှိလေသည်။ 

ထိုဆိုင်ခန်း၏ တံခါးမှာ စေ့စေ့ပိတ်ထားသော်လည်း ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူတစ်ယောက် အနားသို့ ရောက်လာသည့်အခါ တံခါးထက်ရှိ ခေါင်းလောင်းလေးမှာ လေတိုက်ခြင်းအလျဉ်းမရှိပါဘဲ မြည်သံပြုသွား၍ ထိုဆိုင်လေးမှာ ယခုအချိန်အထိ ဖွင့်ထားဆဲ ဖြစ်ကြောင်း အချက်ပြပေးလေသည်။ 

'ချွတ်' ဆိုသည့် အသံနှင့်အတူ ပါဆယ်မှာသည့် တစ်ဝက်ဖွင့် တံခါးလေးမှာ ပွင့်လှစ်သွားလေသည်။ ချောမောသည့် ဝန်ထမ်းလေးမှာ ရောက်ရှိလာသည့် ဧည့်သည်အား မြင်လိုက်ရသည့်အခါ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ဟုန်ကျီ, မင်းလား?"

ယိုဟုန်ကျီမှာ ဒီလိုအချိန်မျိုး တစ်ခါမှ မရောက်လာဖူးလေရာ မသိစိတ်အရ တစုံတခု မှားယွင်းနေပြီဟု ခံစားလိုက်ရကာ အလျင်အမြန် မေး၍ လာသည်။

"ဘာဖြစ်တာလဲ? မင်း ဘာလိုချင်တာရှိလို့လဲ?"

"တိုကိုရာကီ တစ်ဘူး"

"ဘယ်လို?"

"တိုကိုရာကီ"

ယိုဟုန်ကျီမှာ မျက်နှာသေဖြင့် ထပ်ပြောလာသည်။ 

"မင်းမှာ ရှိသေးလား?"

ဝန်ထမ်းလေးမှာ သူ့အား ဆွံ့အမှင်သက်စွာဖြင့် ကြည့်နေပြီး တစ်အောင့်လိုက်ကြာမှ စကားပြောလာသည်။ 

"ရှိသေးတယ်၊ မင်း ငါ့ကို အလုပ်ဝန်ပိုပိအောင်လုပ်ဖို့ တမင် အချိန်းအချက် လုပ်ပြီး ကျောင်းကို ပြန်လာတာ မဟုတ်လား?"

"ဘာ?"

"ဒီနေ့ လူတစ်ယောက် ရောက်လာသေးတယ်။ ဘွဲ့ရပြီးတာဖြင့် တော်တော်လေးကို ကြာပြီဖြစ်တဲ့ ကျောင်းသားတစ်ယောက်လေ၊ သူက ရုတ်တရက်ကြီး ပေါက်ချလာပြီး တိုကိုရာကီ ဘူး သုံးဆယ် လာမှာတယ်။ ဘူးသုံးဆယ်တောင်နော်! သူက ချန်ရှို့အဆောင်ရဲ့ ကျောင်းသားဖြစ်နေတော့ ငါ သူ့ကို ငြင်းလို့မရဘူး။ ပြီးတော့ သူ့အတွက် နှစ်နာရီလုံးလုံး တိုကိုရာကီ ဘူးသုံးဆယ် ထိုင်လုပ်ပေးခဲ့ရတယ်..."

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Opowieści tętniące życiem. Odkryj je teraz