ထန်ချူ့မှာ တစ်ပါးသူ၏ ဆန္ဒအား အရင်ဖြည့်ဆည်းပေးရသည်နှင့် အသားကျနေသော သူ တစ်ယောက် ဖြစ်လေရာ သူသည် ခေါင်းညိတ်ကာဖြင့် အရင် ပြန်ဖြေလာခဲ့သည်။
"ဟုတ်တယ်, ကျွန်တော့်ရဲ့ အမေက အတော်လေးကို နေမကောင်းဖြစ်နေတယ်၊ အဲ့တာကြောင့်ပဲ ကျွန်တော် ပြန်လာတာလေ"
"ကျွန်တော် ကြားရတာ တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော့်ရဲ့ မိဘနှစ်ယောက်လုံးက ဆရာဝန်တွေလေ။ သူတို့က တခြားမြို့မှာ ဆိုပေမဲ့ သုန်းလင်မြို့က တကယ်တော်တဲ့ ဆရာဝန်တော်တော်များများကိုလဲ သိတယ်။ အကို အကူအညီတစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို သေချာပေါက် ပြောပြနော်"
"သူက ကင်ဆာနောက်ဆုံး အဆင့်ဖြစ်နေတာလေ၊ ကုသနိုင်လောက်တဲ့ အခြေအနေမျိုး မဟုတ်တော့ပါဘူး။ မင်း ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဖေ သူကလဲ..."
ထန်ချူ့သည် တည်ငြိမ်စွာဖြင့် ပြော၍လာသည်။ လုလျန်ကွမ်းမှာ အထင်မှားသည်လား မသိသော်လည်း တစ်ဖက်သူ၏ စကားသံမှာ အနည်းငယ် အေးတိအေးစက်နိုင်လှကြောင်း ခံစားမိလေသည်။
"ကျွန်တော့် အဖေကလဲ သူ့ရဲ့ လုပ်ငန်းကြောင့် ကောင်းတဲ့ ဆရာဝန်တော်တော်များများနဲ့လဲ သိပါတယ်။ အဲ့တာကြောင့် မင်းရဲ့ မိဘတွေကို တကူးတက ဒုက္ခပေးစရာမလိုပါဘူး"
မိခင်တစ်ယောက် သေကောင်းပေါင်းလဲ ဖြစ်နေသည်အား ကြည့်ရှုနေရသည့် သားတစ်ယောက် အနေဖြင့် သူ၏ ပုံစံမှာ အလွန်ကို တည်ငြိမ်လွန်းလှပေသည်။ သူသည် သူ၏ သေလုသေခင် ဖြစ်နေသည့် မိခင်ရင်း အကြောင်းပြောပြသည့်အခါ အနည်းငယ်မျှပင် စိတ်အခြေအနေ မကောင်းသည့်ဟန် မပေါ်ပါချေ။ ဒီလို အခြေအနေမျိုးမှာ ယခုလို တည်ငြိမ်မှုမျိုးမှာ အမှန်တကယ်ကို ထူးဆန်းလွန်းလှပေသည်။ အကယ်၍ တစ်ဖက်သူ အကြောင်း ကောင်းကောင်း မသိသော အပြင်လူတစ်ယောက်သာ ဆိုလျှင် သူ့အား အေးတိအေးစက် နေစိမ့်နိုင်မှုအား သေချာပေါက် ဝေဖန် အပြစ်တင်ကြလိမ့်မည် ဖြစ်လေသည်။
လုလျန်ကွမ်းသည်လည်း ဘာမှမသိသော အပြင်လူတစ်ယောက် ဖြစ်ပေသည်။ သို့ပေမဲ့ သူသည် သူ ကြီးပြင်းခဲ့ရာ အသိုင်းအဝိုင်းမှ သွန်သင်မှုများကြောင့် သူသည် ဘယ်သောအခါမှ တခြားသူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအား ဝေဖန်ခြင်း ပြုလုပ်လေ့ မရှိပါချေ။ တစ်ဖက်သူ၏ စကားများအား ကြားရသည့်အခါ သူသည် ဒီအတိုင်းပင် စိတ်ထဲတွင်သာ ထားထား၍ အလျင်စလို မှတ်ချက်ပြုခြင်းမျိုး မပြုလုပ်ပါချေ။
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...