Part 28 - စာမူနောက်ကျခြင်း၏ အကျိုးဆက်

2.1K 435 8
                                    

ထန်ချူ့သည် မျက်တောင်လေးအား ပုတ်ခတ် ပုတ်ခတ် လိုက်သည်။ ထို့နောက်တွင်တော့ သူသည် အကြည့်ကလေး လွှဲကာ တိုးဖျော့စွာ ပြော၍လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...ဘယ်လိုပဲဖြစ်ဖြစ် အစကတည်းက မင်း အိပ်ရာပဲလေ"

သူသည် အတိုက်အခံ ဖြစ်သော အမူအရာမျိုး မပြသလာခဲ့သော်လည်း သူသည် သိသာထင်ရှားစွာပင် ပျာပန်းခတ်၍ နေသည်။ ထို့အတွက် မြင်သာစေသည့် အထောက်အထားမှာ သူသည် စကားပြောဆိုခြင်းအား ထပ်မံ ရပ်တန့်လိုက်ခြင်းပင် ဖြစ်လေသည်။

"နတ်ဘုရားကျူ ပင်ပန်းနေပြီလားဟင်?"

ထန်ချူ့မှာ တိတ်တဆိတ်ဖြင့်ပင် ခေါင်းညိတ်ပြလာသည်။

"ဒါဆို ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်၊ အကို ကျွန်‌တော့်ကို မစောင့်ဘဲ အိပ်နှင့်လိုက်တော့နော်"

ထန်ချူ့သည် ခေါင်းခါပြလာသည်။

လုလျန်ကွမ်းမှာ ရယ်မောလိုက်မိလေသည်။

"အကိုက အတူတူ အိပ်ဖို့ ကျွန်တော့်ကို စောင့်ချင်တာလား? အဲ့တာလဲ အဆင်ပြေပါတယ်၊ မဟုတ်ရင် ကျွန်တော် နောက်မှ အိပ်ရာထဲ ဝင်တဲ့အခါ အကို အိပ်နေတာကို အနှောင့်အယှက် ဖြစ်သွားနိုင်တယ်လေ။ အကို အရင်ဆုံး စောင်လေး လွှားထားဦး၊ ညဘက်မှာ အဲကွန်းက မပိတ်ဘူးဆိုတော့ အအေးမိသွားမှာစိုးလို့။ နွေရာသီတိုင်း ချန်ရှို့က လူအနည်းစုလောက်က အဲ့တာကြောင့် အမြဲ ဖျားလေ့ဖျားထ ရှိတယ်"

အိပ်ရာ... စောင်...

ထန်ချူ့မှာ ရီဝေစွာဖြင့် ခေါင်းညိတ်ပြလာလေသည်။

ထန်ချူ့တစ်ယောက် ပြန်လည်တုံ့ပြန်နိုင်စွမ်း ယာယီကင်းမဲ့နေသည်အား မြင်သည့်အခါ လုလျန်ကွမ်းမှာ ရေချိုးခန်းတွင်းသို့ မဝင်ခင်  ထန်ချူ့အား ‌အအေးမမိစေရန်အလို့ငှာ သူကိုယ်တိုင်ပင် စောင်အောက်၌ အလုံ ထုပ်သွားပေးလေတော့သည်။

လေထုထဲတွင် ရေကျသံသဲ့သဲ့က ကြီးစိုးထားပြီး စောင်အောက်တွင် ထုပ်ပိုးခံထားရသည့် ထန်ချူ့မှာတော့ ခဏတာ ငေါင်တောင်တောင်လေး ဖြစ်၍ နေလေသည်။ ထို့နောက် သူသည် စောက်အောက်မှ လက်ကလေးတစ်ဖက်အား ဂရုတစိုက်ဖြင့် ထုတ်လိုက်ကာ လုလျန်ကွမ်း၏ ပျော့အိအိ ခေါင်းအုံးလေးအား ထိလိုက်လေတော့သည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now