ထန်ချူ့မှာ သူ၏ ကုတ်အင်္ကျီလေးအား ပြန်လည်ဝတ်ဆင်လိုက်ကာ ကားဆီသို့ အရင် ထွက်သွားလိုက်သည်။ လုလျန်ကွမ်းမှာတော့ ကွန်ပျူတာ နှစ်လုံးအား ပိတ်လိုက်ရန် ကူညီပြီးနောက် check out လုပ်ကာ ငွေပေးချေရန်အတွက် ဧည့်ကြိုကောင်တာသို့ ထွက်သွားလေသည်။
ဧည့်ကြိုကောင်တာရှိ ဝန်ထမ်းကောင်လေးမှာ ဂိမ်းပြိုင်ပွဲတစ်ခုအား ကြည့်၍နေလေသည်။ လုလျန်ကွမ်းမှာ ဘယ်ရယ်မဟုတ် ထိုပြိုင်ပွဲအား တခဏတာ ကြည့်လိုက်မိသည့်အခါ အသင်းနှစ်သင်းမှာ ထိပ်တိုက် တိုက်ပွဲ ဖြစ်နေကြမှန်း တွေ့လိုက်ရပြီး ထိုအထဲမှ ဇာတ်ကောင်တစ်ခုအား အတန်ငယ် ရင်းနှီးနေသလို ခံစားရလေသည်။
"ဒါက..."
"ဒီနှစ် Yao Ling ရဲ့ ဗိုလ်လုပွဲစဉ်ကို record လုပ်ထားတာလေ"
ထိုဝန်ထမ်းကောင်လေးမှာ နှစ်ယောက် ဇိမ်ခံအခန်းကြီးအား ငှားရမ်းခဲ့သူ လုလျန်ကွမ်းအား သူတို့လို ဂိမ်းသမားများထဲမှ တစ်ယောက်ဟု တွေးထင်ကာ ခပ်သွက်သွက်ပင် ပြန်ဖြေလာသည်။
"ကျွန်တော် live stream လုပ်တာ မမှီလိုက်လို့၊ record ကလဲ အခုလေးတင် ထွက်လာတာနဲ့ အတော်ပဲ ဖြစ်သွားတာ"
လုလျန်ကွမ်းမှာ ဒီပြိုင်ပွဲအကြောင်း သိလေသည်။ Yao Ling မှာ အခုလက်ရှိတွင် ရေပန်းအစားဆုံး ဂိမ်းဖြစ်နေ၍ ထွက်ရှိလာသည်မှာ ၃နှစ်ကြာပြီး ဖြစ်သော်လည်း ကျော်ကြားမှုမှာ အရှိန်အဟုန်လျော့ကျသွားခြင်း မရှိသေးပါချေ။ ဒီအင်တာနက် ကဖေး တစ်ခုတည်းမှာပင် လူတစ်ဝက်ကျော်လောက်က ထိုဂိမ်းအား ကစားနေကြသည်။ လုလျန်ကွမ်းမှာ ဂိမ်းကစားသည့် လူတစ်ယောက် မဟုတ်ပါချေ။ သူ ထိုပြိုင်ပွဲအကြောင်း သိနေရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ဟော့မြောင် သူ့အား တစ်ခါပြောပြဖူးသောကြောင့်သာ ဖြစ်လေသည်။
"ကျွန်တော်လဲ အဲ့ဒီပွဲကို မကြည့်လိုက်ရဘူး၊ ဘယ်သူနိုင်သွားတာလဲ?"
"ဘယ်သူရှိဦးမလဲ၊ ဟိုတစ်ယောက်ပဲပေါ့၊ ဒီနှစ်နဲ့ပါဆို သူက သုံးထပ်ကွမ်း ချန်ပီယံဖြစ်သွားပြီ"
လုလျန်ကွမ်းမှာ အံ့အားတကြီး မေး၍လာသည်။
"စန်းလျှို့ရွှေဟော့လား?"
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...