Part 35 - သူငယ်ချင်းတွေ ဆက်ပြီး မဖြစ်နိုင်တော့ပြီ

2.1K 413 5
                                    

ထန်ချူ့မှာ အချိန်ကွာဟချက်အား နေသားကျရန်အတွက် နှစ်ရက်တာခန့် အချိန်ယူလိုက်ရလေသည်။ ထို့ကြောင့် နောက်ထပ် သုံးလေးရက်မျှ ကြာမြင့်ပြီးသောအခါမှသာ လုလျန်ကွမ်းနှင့် နောက်ထပ် တစ်ကြိမ် ထပ်မံ ဆုံတွေ့ခဲ့လေသည်။

သူတို့ နှစ်ဦးမှာ မြို့လယ်ပန်းခြံတွင် တွေ့ဆုံခဲ့ကြပြီး ခုံတန်းလေးထက်တွင် ဘေးချင်းကပ်ရပ်ထိုင်ကာ ထန်ချူ့ ဝယ်လာခဲ့သည့် milk tea လေးအား သောက်ရင်း ထွေရာလေးပါး ပြောဆိုနေခဲ့ကြသည်။

"မနေ့တုန်းက လောင်စွင်းက ကျွန်တော့်ဆီကို ဖုန်းခေါ်ပြီး ကျူကျန်ရဲ့ Weibo ပို့စ်ကို ပြန်တင်ပေးပြီး ခွင့်လွှတ်တဲ့စကားလေး နည်းနည်းလောက် ပြောပေးနိုင်မလားလို့ မေးတယ်"

လုလျန်ကွမ်းသည် လှောင်ပြောင်ဟန်လေးဖြင့် ရယ်မောကာ နှာတစ်ချက်မှုတ်လိုက်လေသည်။

"သူက အိမ်မက်မက်နေတာပဲ ဖြစ်ရမယ်။ အကို သိလား, မနေ့တုန်းက ဖုန်းခေါ်နေတဲ့ အချိန်မှာ သူ့ရဲ့ သရုပ်မှန်ကို ချပြပြီး ကျူကျန်က ပထမဦးဆုံးအကြိမ် ပွဲတက်ရမှာဖြစ်လို့ ငဲ့ညှာပေးဖို့ ပြောလာတာ။ အရင်ရက်တွေ တုန်းကဆို ကျွန်တော် ဖုန်းကို record သွင်းထားတယ်လဲ ပြောရော အတင်းအဖျင်း သတင်းတွေ ပျံ့မှာစိုးလို့ ဘာမှတောင် မပြောရဲဘူးလေ။ သူ ဒီလောက်တောင် ချုပ်တည်း သည်းခံထားရသမျှ ကျူကျန်အပေါ် ဘယ်လိုတောင် ပုံချပေါက်ကွဲမလဲဆိုတာ ကျွန်တော် သိချင်လိုက်တာ။ ကျူကျန်တစ်ယောက် ခေါင်းမဖော်နိုင်အောင် အပြောခံလိုက်ရလို့ အကို့အတွက် တောင်းပန်စာ ကောက်ထရေးတယ်ဆိုတာ ကျွန်တော် ပြောရဲတယ်။ ကျွန်တော် သူ့ရဲ့ တောင်းပန်စာကို မနေ့က ပြန်တင်ပေးလိုက်တုန်းကလဲ ဝိုင်းဆဲတာကို ထပ်ခံလိုက်ရသေးတယ်လေ။ သူ့အတွက် တောင်းပန်စာကို ရေးထားပေးတဲ့ ghost writer တော့ သနားစရာပဲ"

ထန်ချူ့သည် ခေါင်းတစ်ချက်ညိတ်ပြကာဖြင့် ပြော၍လာသည်။

"သူ ကျွန်တော့်ကိုလဲ မနေ့တုန်းက ဖုန်းခေါ်သေးတယ်။ ကျွန်တော်က စာမူရေးနေလို့ ဖုန်းကို အသံပိတ်ထားလို့ ဖုန်းမကိုင်လိုက်မိဘူး"

"PenNib ဘက်က သူ့ကို မျက်နှာပေးထားတာ အဆုံးစွန်သော အခြေအနေလို့တောင် ဆိုလို့ရနေပါပြီ။ "

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Where stories live. Discover now