ဟော့မြောင်တစ်ယောက် အလုပ်သင်အဖြစ် တစ်ပတ်တာ လုပ်ပြီးသည့် ကာလတွင် Longyuan၏ Information security ဌာနရှိ လူများမှာ အချက်နှစ်ချက်အား သိခဲ့ရသည်။
ပထမအချက်အနေဖြင့် ဒီအလုပ်သင်လေးမှာ အလွန်တရာ သန်မာလှပြီး ၊ ဒုတိယအနေဖြင့် သူ့၌ နောက်ခံအများကြီး ရှိလေသည်.
ဟော့မြောင်တစ်ယောက် အလုပ်သင်အဖြစ် တရားဝင် စတင်သည့် နေ့မှာပင် အရေးပေါ် တိုက်ခိုက်မှု တစ်ခု ဖြစ်ပေါ်ခဲ့သည်။
တစ်ဖက်လူမှာ ကမ္ဘာ့အကျော်ကြားဆုံး hacker အဖွဲ့အစည်း ဖြစ်သည့် 'Bug Village' ဖြစ်ပြီး ဒီနှစ်အတောအတွင်း Longyuan ၏ အကြီးမားဆုံး ပြိုင်ဘက်လဲ ဖြစ်ခဲ့သည်။
လူတိုင်းမှာ ဒီပြင်းထန်လှသည့် ထိုးစစ်အား အပြည့်အဝအာရုံစိုက်ထားလေရာ ဘယ်သူမှ ဌာနအတွင်းသို့ တံခါး ဖွင့်ကာ ဝင်ရောက်လာသည့် လူငယ်လေးအား အရေးမစိုက်မိသလို ဘယ်သူဘယ်ဝါက ထိုလူငယ်လေးအား ခေါ်ဆောင်လာမှန်း ဂရုမထားမိပါချေ။
ဟော့မြောင်သည် ဘာစကားတစ်ခွန်းမှ မဆိုဘဲ သူ၏ အလုပ် ကွန်ပျူတာရှေ့၌ နေရာယူလိုက်ကာ ကွန်ပျူတာအား ဖွင့်လိုက်ပြီး စစ်မြေပြင်တွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
ထိုလူငယ်လေးမှာ အခြေအနေတစ်ခုလုံးအား ပြောင်းပြန်လှန်လိုက်သည့် အချိန် လူတိုင်းသည် ထိုစူပါ ဟီးရိုးအား ရှာဖွေရန် ကွန်ပျူတာမှ အကြည့်ခွာလာသည့် အချိန်တွင်မှ ထိုအလုပ်သင် အသစ်ကလေးအား တွေ့လိုက်ရလေတော့သည်။
ထိုတိုက်ပွဲအပြီးတွင်တော့ ဟော့မြောင်မှာ ချောမွေ့စွာပင် ဌာနတွင်းရှိ လူများနှင့် အဖွဲ့ကျသွားလေတော့သည်။ လူတိုင်းမှာ ဒီကလေးမျက်နှာလေးနှင့် လုပ်ဖော်ကိုင်ဖက် အသစ်အား ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် ဂရုစိုက်ပေးကြလေသည်။
လူတိုင်းမှာ သူ၏ စွမ်းဆောင်ရည်အား အသိအမှတ်ပြုကြသော်လည်း သူနှင့်ပတ်သက်သော ထူးခြားချက်ကိုတော့ မည်သူကမျှ သတိပြုခြင်း မရှိသေးပါချေ။
အခုတလော ကုမ္ပဏီ၏ အရေးကြီးသော ပရောဂျက်တော်တော်များများမှာ အလွန့်အလွန် အရေးကြီးသော ကာလအပိုင်းအခြားသို့ ရောက်၍နေလေရာ ခိုင်မာသည့် လုံခြုံရေး firewall တည်ဆောက်ရန် အလျင်လို၍ နေလေသည်။ လုံခြုံရေးဌာနနှင့် နည်းပညာနမှာ ထိုအတွက် အချိန်ပို အလုပ်လုပ်နေရပြီး လူအင်အားမှာ မလုံလောက်သေးရာ မကြာသေးခင်မှ ကုမ္ပဏီတွင်းသို့ ဝင်ရောက်လာသည့် အလုပ်သင်လေးများသည်ပင် လွတ်မြောက်ရာလမ်း မရှိပါချေ။
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...