လုလျန်ကွမ်းမှာ ထိုအမျိုးသားအား ချက်ချင်းပင် မျက်မှန်းတမ်းမိလေသည်။
ဒီအချိန်အတောအတွင်း အပြည်ပြည်ဆိုင်ရာ ခရီးစဉ်နှစ်ခုသာ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ခရီးသည် အများစုမှာလဲ မိသားစုနှင့်အတူ အုပ်စုလိုက်ကြီး အထုပ်အပိုး ကြီးငယ်အသွယ်သွယ်ဖြင့် ပျာပန်းခတ် လှုပ်ရှားနေကြသည်။
သို့ပေမဲ့ ထိုအမျိုးသားမှာ ပါးလွှာသော ကုတ်အင်္ကျီတစ်ထည် ဝတ်ဆင်ထားကာ အထုပ်အပိုးဆို၍လဲ လက်ဆွဲအိတ်လေး တစ်လုံးနှင့် သူ ကိုင်ထားသော လက်ဆောင်အိတ်လေး တစ်လုံးသာ ပါလာလေသည်။ ထိုသူသည် တစ်ကိုယ်တော်တည်း ဖြစ်၍ နေလေကာ လူအုပ်ကြီး ရှိရာဘက်သို့ ကျီးကန်းတောင်းမှောက် ကြည့်၍ နေလေသည်။
လုလျန်ကွမ်းမှာ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်လာလျှင် အရိုးများသော၊ ချေးခါးသော လုပ်တတ်သော်လည်း ထိုအမျိုးသားမှာတော့ အလွန့်အလွန် ကြည့်ကောင်းသော ရုပ်ရည်ရှိသည်ကိုတော့ ချွင်းခြက်မရှိ လက်ခံလိုက်မိသည်။
ထိုသူသည် ပိန်ပါးကာ၊ အရပ်အမောင်းမြင့်မားပြီး အေးဆေးသည့်ပုံပေါ်...
ဝါးပင်လေးအတိုင်းကဲ့သို့ပင်..
သူများလား? မဖြစ်နိုင်လောက်ပါဘူး, အဲ့ဒီလူက အရမ်းကို ငယ်လွန်းတယ် မဟုတ်လား..
ထိုအမျိုးသား၏ အကြည့်မှာ သူ့ထံသို့ ရောက်ရှိလာသည့်အခါ လုလျန်ကွမ်းမှာ မသိစိတ်၏ စေ့ဆော်မှုကြောင့် အသက်ပင်အောင့်လိုက်မိလေသည်။ သူတို့နှစ်ဦးမှာ အကွာအဝေးတစ်ခု ခြားနေဆဲ ဖြစ်သော်လည်း သူတို့နှစ်ဦး၏ အကြည့်မှာတော့ လူအုပ်ကြီးအား ဖြတ်ကျော်ကာ စေ့ဆုံသွားကြလေသည်။
သို့ပေမဲ့ ထိုအရာသည် တခဏတာမျှသာ ဖြစ်လေသည်။ တဖက်သူသည် တခြားတစ်ဖက်သို့ အကြည့်မလွှဲခင် သူ့ဆီ၌ တစ်စက္ကန့်စာမျှလောက်ပင် ခိုနားခဲ့ခြင်း ဖြစ်လေသည်။
ထင်ထားတဲ့အတိုင်းပဲ သူမဟုတ်ဘူးကိုး..
လုလျန်ကွမ်းမှာ အံ့အားသင့်သွားခြင်း မရှိသော်လည်း အနည်းငယ်တော့ စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။
ESTÁS LEYENDO
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...