Part 14 - မင်းမှာ sticker pack ရှိလား?

2.4K 430 23
                                    

ထန်ချူ့သည် ထိုအမည်နာမအား ကြားလိုက်ရသည့် တခဏတာတွင် သူ့မြင်ကွင်းမှာ အမှောင်ကျရသွားတော့သည်။ 

သူသည် နောက်ဆုံးသော ကောက်ရိုးမျှင်လေးအား မလွှတ်တမ်း ဆုပ်ကိုင်ထားချင်သည့်အလား မေးခွန်းထုတ်လိုက်၏။

"ဘယ် လင်လုံလဲ?"

"ကျွန်တော်တို့ အကုန်လုံးသိတဲ့ လင်လုံပါ"

"မင်းပြောချင်တာက တစ်နိုင်ငံလုံး သိတဲ့ လင်လုံ လား?"

"အင်း"

ထန်ချီသည် အတော်လေးကို ရိုကျိုးသည့် ပုံစံဖြင့် ပြန်ပြောလာသည်။

"ကျွန်တော်တို့ ခုနကတည်းက အဲ့ဒီတစ်ယောက်တည်းကို ပြောနေတာ မဟုတ်လား? ထားလိုက်ပါတော့၊ ဟုတ်တယ် အကို ပြောတဲ့ လင်လုံ ပါ"

ထန်ချီ ထိုသို့ ဖြေကြားပြီးသည့်နောက်တွင် နှစ်ဖက်စလုံးတွင် လေထုမှာ ရုတ်ချည်း တိတ်ဆိတ်သွားရသည်။

"ကော? ဟယ်လို? ကောကော ဖုန်းကိုင်ထားသေးလားဟင်?"

"အင်း ကိုင်ထားပါတယ်"

ထန်ချူ့မှာ ခက်ခက်ခဲခဲ ဖြင့် ပြန်ဖြေလိုက်သည်။

"မင်း က.... တကယ်ကို သတ္တိရှိတာပဲ"

"အင်း ကျွန်တော်လဲ အဲ့လိုထင်ပါတယ်။ စကားမစပ်, ကော ကျွန်တော်တို့ မနက်ဖြန် တွေ့တဲ့အခါကျရင် ကျွန်တော်တို့ တွဲနေတာ ၂နှစ်ရှိပြီဆိုတာကို မပြောနဲ့နော်။ ကျွန်တော်က တွဲတာ သိပ်မကြာသေးဘူးလို့ ပြောမလို့ စီစဉ်ထားတာ။ မဟုတ်ရင် အမေ ကျွန်တော် ၂နှစ်လုံးလုံး သူမသိအောင် ရည်းစားထားထားတာကို သိသွားလို့ကတော့ သေချာပေါက် စိတ်လွတ်သွားလိမ့်မယ်.."

"စိတ်မပူပါနဲ့"

အဲ့ဒီကိစ္စအား မပြောလျှင်တောင် လင်လုံ၏ အလုပ်အကိုင် တစ်ခုနှင့်တင် သူတို့ မိခင်၏ ဒေါသအား ဆွနိုင်ရန်အတွက် လုံလောက်နေပြီ ဖြစ်လေသည်။

ထန်ချူ့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အကြောင်းအရာအား မှတ်မိနေဆဲပင် ဖြစ်သည်။ ထိုအချိန်က ထန်ချူ့သည်လည်း ငယ်ရွယ်သေး၍ သူ့မိသားစု စီးပွားရေး လုပ်ငန်းမှာလည်း တရှိန်ထိုး ကြီးထွားနေသည့် အချိန် ဖြစ်လေသည်။ 

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Onde histórias criam vida. Descubra agora