Part 37 - ကိုယ်စိုက်ထားခဲ့သမျှ ကိုယ် ပြန်ရိတ်သိမ်းရသတဲ့...

2.1K 415 5
                                    

အရေးပေါ် အခန်းထဲတွင် လူသားတို့၏ ဝမ်းနည်းပူဆွေးမှု၊ ငိုကြွေးမှုနှင့် တစ်ဦးကို တစ်ဦး ထွေးပွေ့ထားမှု ပုံရိပ်တို့မှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်ပေသည်။ ထိုနေရာရှိ လူတစ်ဦးချင်းစီတိုင်းမှု ပူပန်ကြောင့်ကြမှု၏ နှိပ်စက်ကလူပြုခြင်းကို ခံစားနေရ၍ ဘယ်သူကမှ တစ်ဦးကို တစ်ဦး တင်းကြပ်စွာ ပိုက်ထွေးထားသော လူငယ်လေး နှစ်ယောက်အား ဂရုမထားအားသလို ထိုထဲမှ ကောင်လေးတစ်ယောက်သည် မည်သို့သော ဝမ်းနည်းပူဆွေးဖွယ်ရာ အကြောင်းကြောင့် တုန်ယင်နေရမှန်း စိတ်မဝင်စားအားပါချေ။

ဤသည်မှာ ဒီအတိုင်း နောက်ထပ် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။ အခု ဒီနေရာတွင် စောင့်ဆိုင်းနေသည့်သူများထဲတွင် မပူဆွေးနေသည့်လူဟူ၍ မည်သူရှိလိမ့်မည်နည်း? သို့ပေမဲ့ လုလျန်ကွမ်းတစ်ယောက် ဤကဲ့သို့ နာကျင်ပူဆွေးနေရခြင်းသည် ထိုအခန်းတွင်းရှိ အသက်ဓာတ် မီးစာ ငြိမ်းလုငြိမ်းခင် ဖြစ်နေသည့် လူကြောင့် မဟုတ်မှန်း မည်သူမျှ သိလိမ့်မည် မဟုတ်ပါချေ။ ကပြောင်းကပြန် အနေဖြင့် ထိုအရေးပေါ်အခန်းထဲမှ သူတို့ တတ်နိုင်သလောက် အသက်ဆွဲဆန့်ပေးရန် ကြိုးပမ်းထားသည့် လူနာမှာ သူ၏ ပူဆွေးသောကအား ဖန်တီးပေးခဲ့သည့် လက်ခံတရားခံ ဖြစ်၍နေသည်။ 

သူတို့သည် လူအုပ်အလယ်တွင် ထွေးပွေ့ထားကြခြင်း ဖြစ်သော်လည်း မည်သူကမျှ တထူးတဆန်း ကြည့်ရှုလာခြင်း မရှိပါချေ။ ထန်ချူ့သည် သူ၏ လက်များအား သတိတထားဖြင့် မြှောက်လိုက်ပြီး တစ်ဖက်သူအား ပြန်လည်ထွေးပွေ့လိုက်ကာ သူ၏ မျက်ဝန်းများအား ညင်သာစွာ ပိတ်လိုက်လေသည်။ 

သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် သူ့အား ယုယတန်ဖိုးထားသူ တစ်ယောက်က သူ၏ ဒဏ်ရာများအား ကုစားပေးနေသကဲ့သို့ ခံစားရသည်။ 

နာရီလက်တံများသည် မနားမနေ တရွေ့ရွေ့ ရွေ့လျားနေကြသည်။ အချိန်အတော်လေး ကြာပြီးသောအခါတွင်မှ လုလျန်ကွမ်းသည် သူ၏ ထွေးပွေ့မှုအားကို လျော့ချလိုက်လေသည်။ သူသည် သူ၏ စိတ်ခံစားချက်အား ထိန်းညှိနိုင်ခဲ့ပြီး ဖြစ်သော်လည်း သူ နားမလည်သည့် အကြောင်းအရာများနှင့် မေးခွန်းများစွာ ကျန်ရစ်နေသေးသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Où les histoires vivent. Découvrez maintenant