Part 45 - သားရဲကြီး လွတ်မြောက်လာပြီးနောက်...

2.3K 420 16
                                    

ထန်ချူ့သည် ယခုအခန်းအတွက် နောက်ဆုံးစာလုံးအနည်းငယ်အား ရိုက်နှိပ်ပြီးနောက် စာဖိုင်အား သိမ်းဆည်းလိုက်သည်။ 

သူသည် မတ်တပ်ရပ်ကာ တစ်နေကုန် တစ်ပုံစံတည်း အကြာကြီး ထိုင်နေရသည့်အတွက် ထုံကျင်နေပြီ ဖြစ်သော သူ့လက်မောင်းများအား ဆန့်ထုတ်လိုက်သည်။ ထို့နောက်တွင်မှသာ သူသည် လုလျန်ကွမ်းတစ်ယောက် ရေချိုးခန်းသို့ ဝင်သွားသည်မှာ အလွန်ကြာနေပြီ ဖြစ်မှန်း သတိမိပြုလေသည်။ 

သူသည် အနည်းငယ် ထူးဆန်းသည်ဟု ထင်မိသော်လည်း စိတ်ထဲ သိပ်မထားမိပါချေ။ သူသည် သူ့ခန္ဓာကိုယ်အား လှုပ်ရှားမှု ပြုပြီးသည့်နောက် ပြန်ထိုင်ချလိုက်ကာ နောက်တစ်ခန်းတွက် ဇာတ်အိမ်အား စဉ်းစားနေချိန်တွင် သူ့နောက်ဘက် ရေချိုးခန်းတံခါးထံမှ အသံထွက်ပေါ်လာလေသည်။

လုလျန်ကွမ်းမှာ နောက်ဆုံးတွင်တော့ ထွက်လာပြီ ဖြစ်သည်။

"ဘာဖြစ်လို့ အထဲမှာ ဒီလောက်တောင် ကြာနေတာလဲ"

ထန်ချူ့သည် စာရိုက်ရင်းဖြင့်ပင် ‌ဘာရယ်မဟုတ် မေးလိုက်မိသည်။

"ကိုယ့်ကိုပေးထားတဲ့ လက်ဆောင်ကို စမ်းသုံးနေလို့"

လုလျန်ကွမ်းသည် ပြောရင်းဖြင့် ထန်ချူ့ အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး သူ့လက်အတွင်း၌ ကိုင်ထားသည့်အရာအား စားပွဲပေါ်တွင် တင်လိုက်လေသည်။

"ဟမ်? ဘာလက်ဆောင်..."

ထန်ချူ့မှာ မေးရင်းတန်းလန်းဖြင့်ပင် လုလျန်ကွမ်း တင်လိုက်သည့် ပစ္စည်းအား မြင်လိုက်ရပြီး မှင်သက်သွားလေရာ မေးခွန်းကိုပင် အဆုံးသတ်ဖို့ မေ့လျော့သွားရလေတော့သည်။ 

သူ... သူ ရှာတွေ့သွားပြီ!

ဂယောက်ခြောက်ခြား ဖြစ်သည့် ပုံစံဖြင့်ပင် သူသည် လုလျန်ကွမ်းဘက်သို့ ခပ်ဖြေးဖြေး လှည့်ကြည့်လိုက်သည်။ 

သေချာသလောက်ပင် ထိုသူ၏ ပါးလျသော နှုတ်ခမ်းများ၏ အရောင်မှာ ပုံမှန်နှင့် ကွဲပြားခြားနားနေလေသည်။ ထိုနှုတ်ခမ်းပါးများသည် ရွှန်းရွှန်းစိုသည့် အနီရောင်ဖြင့် ဖုံးလွှမ်းနေလေသည်။ ထိုသူသည် မွေးဖွားလာကတည်းက အရှိန်အဝါ ကြီးမားကာ ချောမောသည့် အသွင်အပြင် ရှိရတကား နှုတ်ခမ်းနီ ဆိုးပြီးသော်ငြားလည်း ရယ်စရာကောင်းသည့် ပုံစံ မပေါ်ချေ။ ထိုအစား အနှီ အရောင်တောက်‌တောက်မှာ စကားလုံးများနှင့် ဖော်ပြနိုင်ရန် မစွမ်းသာသည့် စွဲဆောင်မှုအား ဆထက်ပိုတိုးအောင် ဖြည့်ဆည်းပေးလိုက်လေသည်။

ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)Tahanan ng mga kuwento. Tumuklas ngayon