Chapter 3 (unicode)

6.9K 124 0
                                    

                          တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                  ****

အခန်း ၃

-....

               ဒီအရူးက လီဂျောင်ဟွမ်ကိုတောင် ဆွံ့အသွားအောင် လုပ်နိုင်ခဲ့တယ်လေ။ ခဏလောက် တိတ်သွားပြီးတဲ့နောက်မှာ လီဂျောင်ဟွမ် သက်ပြင်းရှည်ကြီး ချလိုက်တယ်။ သူက ခံစားချက်တွေကို ထိန်းချုပ်ထားရင်း အသက်မပါတဲ့အသံနဲ့ ပြောလာခဲ့တယ်။

-ပိုက်ဆံဘယ်လောက်ပေးရင် ကျေနပ်မလဲ။

               "အဲ့ဒါက ဘာစကားပါလဲ။"

-မင်းလိုချင်သလောက် ငါ ပေးမယ်။ အဲ့ဒါကြောင့် ရယ်ဟွာနဲ့သာ ဝေးဝေးနေပေး။

               "အင်း အဲ့ဒါတော့ မပြောတတ်ဘူး ယောက္ခမကြီးရဲ့။"

               လိုချင်သလောက်ပမာဏပြောလို့ မေးလိုက်ချိန်မှာ ဂွမ်ရီထယ်က မရေမရာပြန်ဖြေလိုက်တယ်။

               "ယောက္ခမကြီးရဲ့ သမက်လေးက ရေလျှံတဲ့ကောင်ဗျ။"

               ဟိုဘက်ဖုန်းထဲကလူရဲ့ အသက်ရှူသံက မြန်လာခဲ့ပြန်တယ်။ ရယ်ဟွာတစ်ယောက် လီဂျောင်ဟွမ်ရဲ့မျက်နှာကြီး နီလာတာကို အလွယ်လေး စိတ်ကူးပုံဖော်နိုင်လိုက်တယ်။

               "ယောက္ခမကြီး အဲ့ဒီအတွက်တော့ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်က ရယ်ဟွာလေးကို လောက်လောက်ငှငှ ရှာကျွေးနိုင်ပါတယ်ဗျ။"

               ဘာပဲဖြစ်ဖြစ် ဂွမ်ရီထယ်ကတော့ ဇနီးအပေါ်အရမ်းချစ်မြတ်နိုးတဲ့ ခင်ပွန်းတစ်ယောက်ရဲ့ အခန်းကဏ္ဍကို မသွေမဖယ် သရုပ်ဆောင်လျက်ပါပဲ။ ဂွမ်ရီထယ်ဟာ စကားနဲ့ပြောလို့ရမယ့် ပြိုင်ဘက်မဟုတ်မှန်း စိတ်မှန်းနဲ့ရိပ်စားမိသွားတဲ့ လီဂျောင်ဟွမ်က အပျော့ဆွဲနဲ့နားချမယ့် ဗျူဟာကို ချက်ချင်းလက်လျှော့ပြီး ခြိမ်းခြောက်တဲ့ဗျူဟာကို ပြောင်းသုံးလိုက်တော့တယ်။

-မင်း ငါ ဘယ်သူမှန်း မသိဘူးလား။

               အဲ့ဒါက သူဟာ ဂွမ်ရီထယ်ရဲ့ဘဝကို အောက်ဆုံးအထိရောက်အောင် ဆွဲချနိုင်တဲ့လူပဲဆိုတဲ့ အဓိပ္ပာယ်နဲ့ မေးခွန်းပါ။ ဒါပေမဲ့ လီဂျောင်ဟွမ်ရဲ့ ခြိမ်းခြောက်မှုက ဂွမ်ရီထယ်အပေါ် တစ်စက်လေးတောင် သက်ရောက်မှုမရှိခဲ့ပါဘူး။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now