Chapter 8 (unicode)

3.9K 89 5
                                    

                     တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                ****

အခန်း ၈

               "..."

               ရယ်ဟွာ့ရင်ထဲမှာ ဓာတ်လိုက်သလို ကျဉ်ခနဲ ဖြစ်သွားတော့တယ်။ ကျဉ်စူးစူးခံစားချက်ကြောင့် အသက်ရှုရခက်လာတာမို့ နှုတ်ခမ်းတွေကို အနည်းငယ် ဟထားလိုက်မိတယ်။
               ပုံမှန်လူတစ်ယောက်လို နေထိုင်တာ။
               ရယ်ဟွာ့ဘဝမှာတော့ အဲ့ဒါက အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးအရာပါပဲ။ သူ့မှာ အမြဲတမ်း သူ့ကိုယ်သူ သက်သေပြနေရတယ်လေ။ သူ့ကို စောင့်ကြည့်နေကြသူတွေကို သူဟာ ရူဆောယွန်းလို မရူးပါဘူးဆိုတာ ယုံကြည်လက်ခံလာအောင်ပေါ့။
               တစ်ယောက်ယောက်က အတုံ့အဆိုင်းမရှိဘဲ၊ စာနာသနားပြခြင်းမရှိဘဲ ရယ်ဟွာက ပုံမှန်ပါပဲလို့ ပြောလာတာ ဒါပထမဆုံးပါပဲ။
               အစိမ်းသက်သက် ခံစားချက်နဲ့အတူ ရယ်ဟွာ ဂွမ်ရီထယ်ကို ကြည့်လိုက်မိတယ်။ တဒင်္ဂတာလေးဆိုပေမဲ့ သူ ရယ်ဟွာ့ကို ပုံမှန်ပါပဲလို့ ပြောလာချိန်မှာ တကယ်ပဲ အဲ့ဒီအတိုင်း ခံစားလိုက်ရတယ်။
               ဘာပြဿနာမှမရှိဘဲ သာမန်ဘဝလေးမှာ နေနေတဲ့ ပုံမှန်လူတစ်ယောက်လိုပေါ့...   
               တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ငေးကြည့်နေခဲ့ကြပြီးတဲ့နောက်မှာ ဂွမ်ရီထယ်က မျက်ခုံးကျုံ့ပြီး မေးလာခဲ့တယ်။

               "ဘာလို့ အတည်ပေါက်ကြီး ဖြစ်နေရတာလဲ။"

               ရယ်ဟွာ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်တယ်။ ဂွမ်ရီထယ်ကို ကျေးဇူးတင်စကား ပြောသင့်တယ်လို့ တွေးလိုက်မိတယ်လေ။
               အထွေအထူး ပြောလို့ကောင်းတဲ့ကိစ္စတော့မဟုတ်ပေမဲ့ ဘာကြောင့်မှန်းမသိ ရယ်ဟွာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။ သူ့နှလုံးက ပုံမှန်ထက်ကို အခုန်ပိုမြန်နေခဲ့ပါတယ်။
               အောက်ကိုပြေကျလာပြီး သူ့လက်ကို ဖုံးသွားတဲ့ အင်္ကျီလက်ကို ဆုပ်ကိုင်ကစားရင်း တံတွေးမျိုချလိုက်ပြီးတဲ့နောက် စိတ်ရင်းနဲ့ ပြောလိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora