Chapter 9 (unicode)

3.7K 95 2
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

****

အခန်း ၉

ဈေးဝယ်အိတ်တွေ လက်နှစ်ဖက်စလုံးအပြည့် ကိုင်ထားတဲ့ ဂွမ်ရီထယ်က ရယ်ဟွာ့အနောက်က လိုက်လာခဲ့တယ်။ သူက ရယ်ဟွာ့နားကိုကပ်ပြီး ညည်းညူဂျီတိုက်တော့တယ်။

"အချစ် ယောက်ျား မောနေပြီလို့။"

အခုတင် ပိုက်ဆံရှင်းလို့ပြီးသွားတဲ့ ရယ်ဟွာက သူ့ကို နောက်ထပ်ဈေးဝယ်အိတ်တစ်လုံး ထပ်ပေးလိုက်ပြီး အေးစက်စက်ပြောလိုက်တယ်။

"အပိုတွေ​လုပ်မနေစမ်းနဲ့။ ရှင် မအိပ်ဘဲ မစားဘဲနဲ့တောင် ဒါမျိုးကို ရက်ဆက်လုပ်နိုင်တယ်မဟုတ်ဘူးလား။"

"ဘယ်လိုလုပ်သိတာလဲ။"

"ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတာ။"

ဂွမ်ရီထယ်တစ်ယောက် အံ့ဩတကြီး ရယ်လိုက်တယ်။

"ချစ်လေးက တကယ့်အရူးပဲ။"

ရယ်ဟွာ မျက်ခုံးပင့်လိုက်မိတယ်။ ဂွမ်ရီထယ်က နောက်ရွှတ်ရွှတ်နဲ့ မျက်လုံးတစ်ဖက် မှေးစင်းကြည့်ပြီး တစ်စုံတစ်ခုကို ညွှန်ပြခဲ့တယ်။

"အဲ့ဒါလေး လှတာပဲ။"

အဲ့ဒါကတော့ ပန်းပွင့်ရိုက်အဆင်နဲ့ အရောင်နုနု ဝတ်စုံလေးပါ။ အဲ့ဒီလို အသားပျော့အိအိ နုဖတ်ဖတ် ဝတ်စုံမျိုးဆိုတာ ရယ်ဟွာ အရင်တုန်းက တစ်ခါမှ မဝတ်ဖူးခဲ့တဲ့စတိုင်လ်ပါပဲ။
ဂွမ်ရီထယ်တစ်ယောက် ရယ်ဟွာ ဈေးဝယ်ရာနောက် တကောက်ကောက်လိုက်ရင်း ညောင်းနေလောက်မှာပါပဲ။ ဂွမ်ရီထယ် ညွှန်းပေးတာလေး တစ်ထည်လောက်တော့ ဝယ်လိုက်တာကောင်းမယ်ရယ်လို့ ရယ်ဟွာ တွေးလိုက်မိတယ်။ အင်္ကျီဝတ်ထားတဲ့ ဟန်ပြအရုပ်ကို အထက်အောက် စုန်ဆန်ကြည့်နေခဲ့တဲ့ ရယ်ဟွာက အဲ့ဒီဝတ်စုံလေးကို ချက်ချင်းပဲ ဝယ်လိုက်တယ်။

"အရင်စမ်းမဝတ်ကြည့်လည်း ရတယ်ပေါ့လေ။"

"ရတယ်။ ကျွန်မက အဲ့ဒီဟန်ပြအရုပ်နဲ့ အချိုးအစားအတူတူလောက်ပဲလေ။"

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now