Chapter 36 (zawgyi)

397 2 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၆

ဘုရားရေ…
ချွဲဂျောင်းက သူပြောမိတဲ့စကားသူ ပြန်လန့်သွားပြီး မျက်လုံးအပြူးသား ဖြစ်သွားခဲ့တယ်။ မေနဲ့ ချွဲဂျောင်းတို့ တဒင်္ဂ အသံတိတ်သွားခဲ့တယ်။ အကြောင်းကတော့ သူတို့တွေ အမှန်တရားကို သိသွားတာဖြစ်လောက်တယ်ဆိုတဲ့ မသိစိတ်ရဲ့ စေ့ဆော်မှုတစ်မျိုးကို ရလိုက်တာကြောင့်ပါ။ ဖျတ်ခနဲပေါ်လာတဲ့ ဆဋ္ဌမအာရုံကို သူတို့နှစ်ယောက် အလွတ်မခံခဲ့ကြပါဘူး။

-ဂျေ။ ဉီးတည်ချက် ပြောင်းကြရအောင်။

“အိုခေ။”

စာရိုက်သံက ပြင်းထန်လှပါတယ်။ ဘာကို ဘယ်လိုလုပ်ရမယ်ဆိုပြီး မပြောခဲ့ကြပေမဲ့ အချင်းချင်း နားလည်ထားနှင့်ကြပြီးသားပါ။
လီဂျောင်ဟွမ်က လိမ်နေတာလေ။
အရှေ့မှာ လီရယ်ဟွာရဲ့ လက်ချောင်းတွေကို ချိုးခဲ့တဲ့သူက လီဂျောင်ဟွမ်ပါပဲ။

-ဉီးတည်ချက်ပြောင်းမယ်ဆိုမှ စိတ်ထဲ စနိုးစနောင့်ဖြစ်နေတာ တစ်ခုရှိတယ်။

“လီဂျောင်ဟွမ်က ဘာလို့ ဒီလိုလုပ်ရတာလဲ ဆိုတာလား။”

-အင်း။ အရမ်းကို ထူးဆန်းနေတယ်လေ။

သွားလေသူဇနီးကို ချစ်လွန်းလို့ သွေးတစ်စက်မှမနှောတဲ့ သမီးဖြစ်သူကို ရင်ထဲအမြတ်တနိုး ထားခဲ့တဲ့သူပါ။ မယားပါသမီးအတွက် သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ထားခဲ့မယ်လို့ ကြေညာပြီး သေတမ်းစာပါ ကြိုရေးထားခဲ့သေးတယ်မဟုတ်လား။
ရူဆောယွန်း အဆုံးစီရင်သွားခဲ့တာ တော်တော်ကြာခဲ့တာတောင်မှ သူ့အနေနဲ့ အနည်းဆုံး တစ်ခါလောက်တော့ စိတ်ယိုင်လို့ရပေမဲ့ လီဂျောင်ဟွမ်ရဲ့ ခံစားချက်တွေက အခုထိ မပြောင်းမလဲ ရှိနေဆဲပါ။ သူ့ရဲ့သေတမ်းစာကို လုံးဝမပြောင်းခဲ့တာက သက်သေပါပဲ။

-ဖလော်အီက ရူဆောယွန်းရဲ့ ​လက်ကျန်အငွေ့အသက်လေးမို့လို့ အလေးထားတယ်ပဲ ထားပါဉီး။ အဲ့ဒီလိုသာဆို ကျိန်းသေပေါက် ဖလော်အီကို အတတ်နိုင်ဆုံး အထိအခိုက်မရှိ အကောင်းအတိုင်းရှိအောင် ထားချင်စိတ်ဖြစ်ရမယ် မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူ့လက်ချောင်းတွေကို ချိုးမှာလဲ။
အဲ့ဒါကလည်း ရူဆောယွန်းနဲ့တူလို့ဖြစ်လိမ့်မယ်လို့ ​မေက ပြောင်ချော်ချော် ပြောခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now