Chapter 12 (unicode)

3.6K 88 1
                                    

                     တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၁၂

               ချွဲဂျောင်းက စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့တယ်။ သူက ဝရန်တာလက်ရန်းကို မှီထားရင်းကနေ ရေရွတ်ပြောဆိုနေခဲ့တယ်။

               "ဝိုး တကယ်ပဲ ဝိုး...တကယ်အံ့ဩဖို့ကောင်းတဲ့ မိန်းကလေးပဲ..."

               တကယ်ကို အံ့ဩဖို့ကောင်းတာပါ။ ပုံမှန်ဆို လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လက်နက်ဆောင်ထားခဲ့မယ်ဆိုရင်တောင် ခန္ဓာကိုယ်က အကြောက်တရားကြောင့် တောင့်တင်းနေတတ်တာမို့ လက်နက်ကို ထုတ်သုံးနိုင်လေ့မရှိပါဘူး။ ကြိုတင်လေ့ကျင့်ထားခဲ့မယ်ဆိုရင်တောင် လက်တွေ့ရင်ဆိုင်တိုက်ခိုက်ရတဲ့အခါ အခက်တွေ့လေ့ရှိပါတယ်။
               ဒါပေမဲ့ လီရယ်ဟွာတစ်ယောက် ကျဉ်စက်သေနတ်ကို ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ဂွမ်ရီထယ် ထင်မထားခဲ့ပါဘူး။ လီရယ်ဟွာက ကျဉ်စက်ကို အခြေအနေအမျိုးမျိုးအတွက် အသုံးပြုခဲ့ဖူးတယ်လို့ ပြောခဲ့ဖူးပါတယ်။ ကြည့်ရတာတော့ သူ လူအများကြီးအပေါ် အသုံးပြုခဲ့ဖူးပုံပါပဲ။
               ဂွမ်ရီထယ်က မီးခြစ်ကို လက်ထဲဆုပ်ကိုင်လိုက်ပြီး လွတ်ကျတော့မလို ဖြစ်သွားခဲ့တယ်။ ၂၄နာရီ စတိုးဆိုင်က ဝယ်လာခဲ့တဲ့ တာဘိုမီးခြစ်ဟာ သူ့လက်နဲ့ယှဉ်လိုက်ရင် တော်တော်သေးငယ်ပြီး တစ်ခါတလေလည်း အခုလိုမျိုး ဖွင့်ရတာ အခက်တွေ့ရလေ့ရှိတတ်တယ်။ အကြိမ်ကြိမ် လွဲချော်ပြီးမှ စီးကရက်မီးညှိလိုက်နိုင်ပြီးတဲ့နောက်မှာ ဂွမ်ရီထယ်က စုတ်တစ်ချက်သပ်ပြီး ပြောလိုက်တယ်။

               "ဘာလို့ အရေးမပါတာကို လုပ်ခဲ့တာလဲ။"

               "မဟုတ်ဘူးလေ ဒီလိုတစ်ခါလောက် လုပ်ကြည့်တာ ပိုကောင်းတာပေါ့။"

               ချွဲဂျောင်းက ဆိုးဝါးတဲ့ စစ်ဆင်ရေးတစ်ခု စီစဉ်ခဲ့တာလေ။ သူ့အကြံက လက်တွေ့ကျကျ ပြန်ပေးဆွဲတဲ့ အခြေအနေတစ်မျိုး ဖန်တီးပြီး လီရယ်ဟွာကို ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ လေ့ကျင့်ခိုင်းမလို့ပါ။ အမှန်တော့ အဲ့ဒီအကြံဆိုတာ လူကုံထံမိသားစုက မောက်မာပလွှားတဲ့ သူဌေးသမီးပဲလို့ သူယူဆစိတ်ကူးထားတဲ့ လီရယ်ဟွာကို အရင်ဦးကျိုးအောင် ဖိထားဖို့အတွက် ဆင်ခြေပါပဲ။
               ချွဲဂျောင်းက မကြာမကြာဆိုသလို သူ့အလုပ်ရှင်တွေကို တိုက်ခိုက်တတ်မှန်း သိထားပေမဲ့ သူ ဖုန်းပြောနေတုန်းမှာ အခုလိုလုပ်လိမ့်မယ်လို့ ဂွမ်ရီထယ် ထင်မှတ်မထားခဲ့မိဘူးလေ။
               ဘာပဲဖြစ်ဖြစ် တိုက်ခိုက်မှုရဲ့ ရလဒ်က ချွဲဂျောင်းရဲ့ ယူကျုံးမရစရာအရှုံး ဖြစ်ခဲ့တာပဲမဟုတ်လား။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang